VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၈ ဇူလိုင်၊ ၂၀၂၃
ရိုဟင်ဂျာဒုက္ခသည်အရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေကို ဆွေးနွေးဖို့ အမေရိကန် အဆင့်မြင့် သံတမန်တ ယောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို သွားရောက်နေပါတယ်၊ အမေရိကန်နိုင်ငံခြားရေးဌာန အရပ်ဖက်လုံ ခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ရဲ့ ဇူလိုင် ၈ ရက်နေ့က နေ ၁၄ ရက်နေ့အထိ ၂ နိုင်ငံခရီးစဉ်အတွင်း ဘေးဖယ် ကျဉ်ခံထားရသူတွေအကြောင်းနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေအကြောင်း အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ် ပြန်ပါတယ်။