" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပစ်သတ်ခံရ. Show all posts
Showing posts with label ပစ်သတ်ခံရ. Show all posts

Tuesday, November 14, 2023

ဘူးသီးတောင်မှာ စစ်ကောင်စီ တပ်သားနဲ့ နယ်ခြားစောင့်ရဲ ပစ်သတ်ခံရ

RFA
RFA Burmese
2023.11.14

 ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် တံတားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ နိုဝင်ဘာလ ၁၄ ရက်ဒီနေ့ စစ်ကောင်စီသားတစ်ဦး ပစ်သတ်ခံရပြီး နိုဝင်ဘာ ၁၃ ရက်မနေ့ကလည်း နယ်ခြားစောင့်ရဲတစ်ဦး ပစ်သတ်ခံခဲ့ ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Thursday, October 27, 2022

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာ လူငယ်ခေါင်း ဆောင်တစ်ဦး ပစ်သတ်ခံရ

Dhaka Tribune

အောက်တိုဘာ ၂၆ ၊ ၂၀၂၂
ဓာတ်ပုံ - Dhaka Tribune

ဘင်္ဂလားဒေ့ရှ်န်ိုင်ငံ၊ ကော့ဘဇားခရိုင်၊ အိုးကီယားရှိ ဘာလိုခါလီဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်ခေါင်းဆောင်တစ်ဦး ယနေ့နံနက်ပိုင်းအချိန်တွင် သတ်ဖြတ်ခံရကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြထားသည်။
ရိုဟင်ဂျာလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမတ်ဂျာဆိမ်း (ဘ) ဦးအဒူဂေါ်ဖါရ် အသက်(၂၅)ကို ယနေ့အောက် တိုဘာလ ၂၆ရက်နေ့ နံနက်ပိုင်းတွင် မျက်နှာဖုံးစွပ်ထားသည့် အကြမ်းအဖက်သမားတစ်စုက နေအိမ်အပြင်သို့ ဆွဲ ထုတ်ပြီးနောက် ရင်ဘတ်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင်း သိရသည်။
 

Sunday, October 9, 2022

ဘူးသီးတောင်က ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသား ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲမှုတွေရှိနေ

B B C


ဘီဘီစီမြန်မာပိုင်း
2022.10.09

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသားတစ်ဦး မနေ့မနက်ပိုင်းက ပစ်သတ်ခံရမှုမှာ အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။

ပရဟိတကျောင်းဆရာ ဦးရှေကုလ်အစ္စလာမ်ဟာ စစ်ရှောင်နေရာကနေ တိရိစ္ဆာန်တွေကို အစာကျွေးဖို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေတဲ့ ဂူတာပြင်ကျေးရွာထဲကို သွားရောက်အချိန်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ တူမတော်စပ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေ နုက ပြောပါတယ်။

Sunday, September 4, 2022

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.09.04

စစ်တွေမှာ ရိုဟင်ဂျာ လူငယ်တစ်ဦး ပစ်သတ်ခံရစစ်တွေမြို့တွင် စစ်ကောင်စီ အရာရှိ တစ်ဦးနဲ့ တပ်သားတစ်ဦး ဖမ်းဆီးခံရသည့်အတွက် စစ်ဆေးခံနေရသည်အား ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်အနီးမှာ စက်တင်ဘာ ၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံ တွေက RFAကို ပြောပါတယ်။

ဒါးပိုင်ကျေးရွာမှာ နေထိုင်တဲ့ ဇမီရ်ဟူစိန်ဟာ စစ်တွေတက္ကသိုလ် အနီးက ရဲတပ်ရင်း ၃၆ စစ်ဆေးရေးဂိတ်ကို ဖြတ် သွားတဲ့အချိန်မှာ ရဲကင်းစခန်းထဲကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ မျက် မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

"ဆိုင်ကယ်နဲ့ စာရွက်စာတမ်း ပြနေတုန်းမှာပဲ ပစ်ခတ်ခံလိုက်ရတာပါ၊ ပစ်ခံရတဲ့သူက အနောက်မှာ ထိုင်တာ၊ အ ရှေ့မှာ ဆိုင်ကယ်မောင်းတဲ့ သူရှိတယ်၊ ရဲကင်း စခန်းထဲကနေ ပစ်လိုက်တာ၊ တစ်ချက်ပဲ ပစ်တယ်၊နေရာမှာတင် ဆုံးသွားပါတယ်"

Thursday, September 30, 2021

ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ပစ်သတ်ခံရ

VOA
VOA (မြန်မာပိုင်း)
30 စက်တင်ဘာ၊ 2021 
ရိုဟင်ဂျာအဖွဲ့အစည်း ARPSH ဥက္ကဋ္ဌ ဦး Mohib Ullah (Photo : HRW website )
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှာ သေနတ်သမားတွေ လက်ချက်နဲ့ ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တ ယောက် သေဆုံးသွားပါတယ်။ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအဖွဲ့အစည်း (ARPSH) ဥက္ကဋ္ဌ ဦး Mohib Ullah ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ သေနတ်သမားတွေက အနီးကပ်ပစ်သွား ခဲ့တာလို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရသူကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */