" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာစစ်တောင်စီ. Show all posts
Showing posts with label မြန်မာစစ်တောင်စီ. Show all posts

Monday, July 11, 2022

ICJ မှာ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက် ဇူလိုင် ၂၂ ရက်နေ့တွင် ဆုံးဖြတ်မည်

RFA
Radio Free Asia
2022.07.11 

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၊ ICJ တရားရုံးတွင် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြုလုပ်သော မြန်မာအရေး ကြားနာစစ်ဆေးပွဲ။ Photo: Ministry of Foreign Affairs Myanmar/Facebook

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ ကန့်ကွက်ထားတာနဲ့ ပတ်သက်လို့ တရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ ချမှတ်မယ်လို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇူလိုင် ၁၁ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့က Peace Palace လို့ခေါ်တဲ့ ICJ တရားရုံးမှာ ဇူလိုင်လ ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီမှာ စတင်မယ်လို့ ဆိုပါတယ်။ တရားသူကြီး Joan Donoghue က ဆုံးဖြတ်ချက်ကို ဖတ်ကြား မှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */