Showing posts with label တိုက်ပွဲတွေကြာ. Show all posts
Showing posts with label တိုက်ပွဲတွေကြာ. Show all posts

Monday, June 17, 2024

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၇ ဇွန်၊ ၂၀၂၄ 

ယခင်မှတ်တမ်းရုပ်ပုံ | စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄
 
မြန်မာနိုင်ငံအနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ ကြားညပ်မယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တောမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာတွေ စစ်ပွဲတွေကြား ပိတ်မိမှာကို စိုးရိမ်နေကြတာပါ။ AA အဖွဲ့ကတော့ မောင်တောမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ထိန်းချုပ်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေ မနေ့ညက နောက်ဆုံးထား ထွက်ခွာကြဖို့ သတိပေးထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */