" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Credential Committee. Show all posts
Showing posts with label Credential Committee. Show all posts

Monday, September 25, 2023

ကုလသမဂ္ဂ မြန်မာသံအမတ်အဖြစ် ဦးကျော်မိုးထွန်း ဆက် လက်တာဝန်ယူဖို့ ဆုံးဖြတ်၊ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက ၇၄ သန်း ထောက်ပံ့ဖို့ ကြေညာ

မိုးမခ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၃
 

၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ဆက်တာဝန်ယူဖို့ ကုလ ကိုယ်စားပြုမှု အတည်ပြုရေးကော်မတီက ဆုံးဖြတ်ခဲ့တဲ့ အတိုင်း ၂၀၂၃ ခုနှစ်မှာလည်း ဒုတိ ယအကြိမ်အဖြစ် ဆက်လက် အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ ဒီနေ့ သတင်းတွေမှာ ဖေါ်ပြထားကြ ပါတယ်။ Credential Committee လို့ခေါ်ဆိုတဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုတက်ရောက်ခွင့်ရှိတဲ့ အစိုးရတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပေးတဲ့ ကော်မတီက နိုင်ငံအချို့ရဲ့ အငြင်း ပွားစရာ ကိုယ်စားပြု သံအမတ်ခန့်အပ်မှုနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဆုံးဖြတ်ပေးခွင့်ရှိတာ ဖြစ်ပြီးမြန်မာ နိုင်ငံက စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ အန်အယ်လ်ဒီအစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ စစ်ကောင်စီကို ကိုယ်စားမပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ်နဲ့ ရပ်တည်ခဲ့တာ ခု ဆိုရင် ကာလအားဖြင့် ၂ နှစ်ခွဲကျော်၊ ကုလညီလာခံအနေနဲ့ တတိယအကြိမ်မြောက် ရှိပြီဖြစ်ပါ တယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */