ဧရာဝတီ
ထွန်းထွန်း
7 January 2021
ရွှေပြည်သာမြို့တွင် ဖမ်းမိခဲ့သူများ / ရန်ကုန်တိုင်းရဲတပ်ဖွဲ့
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့က ဖမ်းမိခဲ့သည့် အထောက်အထားမဲ့ဝင်လာသူ ၉၉ ဦးထဲမှ အမျိုးသမီး ၅ ဦးတွင် ကိုဗစ် ရောဂါပိုးတွေ့ရှိရကြောင်း ရွှေပြည်သာမြို့နယ်၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းက ပြောသည်။
ဒေါက်တာမြတ်မြတ်နှင်းက “ဒီနေ့ RDT Test Kit နဲ့ ပဏာမစစ်လိုက်တဲ့ဆီမှာ ၅ ဦးမှာပိုးတွေ့ရှိခဲ့တာပေါ့၊ ကျန်တဲ့ သူတွေကတော့ ကျန်းမာရေး အခြေအနေကောင်းပါတယ်၊ နောက် ၃ ရက်လောက်ကျရင် နောက်တ ကြိမ် ထပ်ပြီး စစ်ဖို့ကိုတော့ တိုင်းကျန်းမာရေးဦးစီးဌာနကို တင်ပြပြီးဆောင်ရွက်သွားပါမယ်” ဟု ပြောသည်။