" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်မြို့. Show all posts
Showing posts with label ဘူးသီးတောင်မြို့. Show all posts

Sunday, November 19, 2023

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ ပြီး မြန်မာစစ်တပ်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်နေ၍ ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေရ

Narinjara
ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃ 

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်( AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လေတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အနီး အနားရှိ ကျေးရွာ (၆)ရွာမှ လူပေါင်းထောင်ချီထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

Wednesday, November 15, 2023

AA တပ်ဖွဲ့ဆီ စစ်ကောင်စီလက်အောက်ခံ နှစ်ဆယ်ဝန်းကျင် ထပ်မံလက်နက်ချ

dna
Delta News
November 15, 2023 

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ သုံးရက်မြောက် ဒီကနေ့နဲ့ မနေ့က ညပိုင်းတို့မှာရခိုင်အခြေ စိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဝန်းကျင်လောက် ထပ်မံလက်နက်ချခဲ့ကြသလိုစခန်းစွန့်ခွာသွားသူ တွေ လည်းရာချီရှိနေတယ်လို့ AAနဲ့နီးစပ်သူတွေ၊ဒေသခံတွေကပြောကြပါတယ်။

ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အပါ အဝင် ဒေသခံ ရခိုင်နှင့် မွတ်ဆလင် ၇ ဦးကို စစ်ကောင်စီ ဖမ်းဆီး

Narinjara
ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃


(၃ ရက်အတွင်း ရခိုင်တွင် အရပ်သား ဖမ်းဆီးမှု ၅၀ နီးပါးထိရှိလာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်ရပ်ကွက်အု

ပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ရခိုင်နှင့် မွတ်ဆလင် အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည် ။

Saturday, September 2, 2023

အာဆာအဖွဲ့ ခြေရှုပ်နေသည့် မောင်တောတွင် စစ်ကောင်စီ က ရှောင်တခင် ဧည့်စာရင်းဝင်

Narinjara
ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၃

အာဆာ (ARSA) အကြမ်းဖက်အဖွဲ့ဝင်များ စိမ့်ဝင်လှုပ်ရှားမှုများရှိနေသည့် ရခိုင်ပြည်နယ် အနောက် ဘက်နယ်စပ် မောင်တောမြို့တွင် စစ်ကောင်စီက ရှောင်တခင် ဧည့်စာရင်း ဝင်စစ်မှုများကို ပြုလုပ်နေ သည်ဟု မြို့ခံများက ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ လဝကဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အင်အား ၅ဝ ခန့်က ပြီးခဲ့ သည့် သြဂုတ်လ ၂၈ ရက်မှစတင်ကာ ညနေ ၆ နာရီခွဲမှ ည ၁ဝ နာရီခွဲအထိ ရှောင်တခင် စစ်ဆေးနေ ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

Monday, August 21, 2023

မြန်မာနိုင်ငံ၏ အနောက်တံခါးဒေသတွင် ARSA များ ပြန် လည် ခြေကုပ်လာ၍ ဒေသလုံခြုံရေး စိုးရိမ်စရာ ဖြစ်လာနေ ဟုဆို

BNI
Monday, August 21, 2023

Photo - ARSA


မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သော မောင်တောဒေသတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့သည် ပြန်လည်ခြေကုပ်လာနေ၍ ဒေသလုံခြုံ ရေး အထူးစိုးရိမ်စရာ ဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

Tuesday, August 15, 2023

ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့လှုပ်ရှားမှုတွေ ရှိလာတာ ကြောင့် ဒေသခံတွေ စိုးရိမ်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.08.15

အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook


ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဒီလပိုင်းတွေအတွင်း အာရ်ကန် ရိုဟင်ဂျာကယ်တင် ရေး တပ်မတော် (ARSA) အဖွဲ့ဝင်တွေ အဝင်အထွက်တွေများလာလို့ တိုက်ပွဲတွေ ပြင်းထန်လာမှာနဲ့ ဖမ်းဆီးသတ် ဖြတ်ခံရမှာကို စိုးရိမ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ARSA စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် အယောက်၂၀ လောက်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် မြောက်ပိုင်း လောင်းဒုံရွာအနီးမှာ အခုလ ၁၂ ရက်နေ့က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး ကားပေါ်ပါလာသူ နှစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

Thursday, August 10, 2023

စစ်တွေမှာ ရိုဟင်ဂျာအ‌လောင်း ၁၇ လောင်းတွေ့

BBC
2023-08-10 

စစ်တွေမြို့နယ်ထဲက ကမ်းခြေမှာ သောင်လာတင်တဲ့ ရိုဟင်ဂျာ အလောင်းတစ်လောင်း


ဘင်္ဂလားပင်လယ်အော်ထဲမှာ လှေမှောက်ပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေထဲက ၁၇ ဦးရဲ့ အလောင်းကို စစ်တွေမြို့နယ်အတွင်းက ကမ်းစပ်တွေမှာ ပြန်လည်ရှာတွေ့ထားတယ်လို့ ဒေသန္တရ အ ကူအညီပေးရေးအဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။

ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့စက်လှေတစ်စီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်တုန်းက စစ်တွေမြို့နယ် ထဲက ဆာဘာရွာအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေထဲက ၁၇ ဦးရဲ့အ လောင်းတွေကို ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပြန်တွေ့ထားတာဖြစ်ပါတယ်။

Friday, August 4, 2023

စစ်ရေးပဋိပက္ခများနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် မိအေး နှစ်ခါ နာနေသည့် ရခိုင်ပြည်နယ်

Myanmar Now
August 4, 2023 

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေကမ်းရိုးတန်းအခြေအနေကို ဇူလိုင်လ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)
 

ရခိုင်ပြည်နယ်ဟု ဆိုလိုက်လျှင် ရိုဟင်ဂျာအရေး၊ စစ်ရေး၊ နိုင်ငံရေးကိစ္စများကြောင့် နိုင်ငံတကာက အာရုံစိုက်ကြ ရာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်း ကြောင့် လည်း လူပေါင်းရာချီ သေကျေကာ ပစ္စည်းဥစ္စာအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးမှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်စရာ ထပ်မံပေါ်ပေါက်လာခဲ့သည်။

Wednesday, July 26, 2023

ဘူးသီးတောင်မြို့နယ်မှာ အခြေစိုက်ဖို့ကြိုးစားနေတဲ့အာဆာ ကို အေအေရှင်းလင်း

BNA
Border News Agency
ဘူးသီးတောင်၊
ဇူလိုင် ၁၉ ၂၀၂၃

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်ခြေအ နီးမှာ အခြေစိုက်လှုပ်ရှားဖို့ကြိုးစားနေတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(Arakan Rohingya Salvation Army)ကို ရက္ခိုင့်တပ်တော် (AA)က ရှင်းလင်းရေးပြု လုပ်နေတယ်လို့ ဒေသခံတွေကအတည်ပြုပြောကြပါတယ်။

Monday, March 20, 2023

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာလေးဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.03.20


ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ မိသားစုလေးဦးအား တွေ့ရစဉ်။ရခိုင်နေ့စဉ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာလေးဦး မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့ အဝင်၊ အထွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတယ်လို့ ရခိုင် ပြည် နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်းမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

Friday, March 3, 2023

ICJ တွင် ချေပနိုင်ရေး ရိုဟင်ဂျာများကို စစ်ကောင်စီ စည်းရုံး

Myanmar Now
ပိုးဥ
March 3, 2023 

လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေ ရသော အမှုအတွက် သွားရောက်ချေပမည့် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာတချို့ကိုမကြာ သေးမီက ထိတွေ့စည်းရုံးနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ တို့တွင် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှ အရာရှိ များ၊ စစ်ထောက်လှမ်းရေးများက ရိုဟင်ဂျာတချို့ကို ခေါ်ယူတွေ့ဆုံကြသည်ဟု ထိုရိုဟင်ဂျာများနှင့် နီးစပ်သူတစ် ဦးက ပြောသည်။

Tuesday, November 15, 2022

ဘူးသီးတောင်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး လက်ပစ်ဗုံး ဖောက်ခွဲပြီး သတ်သေ

DVB
15 November, 2022 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၈) တပ်ဖွဲ့ဝင်တယောက်ဟာ နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က လက်ပစ်ဗုံးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ရင်းနှင့်နီး စပ်သူတွေဆီက သိရပါတယ်။

"မနေ့က မနက်ပိုင်းမှာဖြစ်သွားတာ လို့သိရတယ်။ လက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားတာတဲ့။ သေဆုံးတာ တ ယောက်တည်း၊ နောက်ထပ်တပ်ဖွဲ့ဝင်တွေ မပါဘူးလို့ သိရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူက အ ရက် သေစာလည်း မသောက်စားတတ်ဘူး။ လူနဲ့လည်း ရန်ဖြစ်တာမရှိဘူး” လို့ အမည်မဖော်လိုတဲ့ရဲအရာရှိတဦး က အတည်ပြုပြောပါတယ်။

Monday, October 31, 2022

ဘူးသီးတောင်တွင်တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာတစ်ဦးဒဏ်ရာရ

MYANMAR NOW
ဝေသာထွန်း
Published on Oct 29, 2022
 
တစ်နာရီနီးပါးတိုက်ပွဲဖြစ်နေစဉ် ထိုနေရာသို့ ပစ်ကူသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်သည် အရပ် သား အမျိုးသားတစ်ဦးကို ထိမှန်ခဲ့သည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ဘူးသီးတောင်မြို့

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် ယမန်နေ့ (အောက်တိုဘာ ၂၇) ညနေက  ၅ နာရီ ခန့်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ဂူတာပြင်ကျေးရွာဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် မေယုတောင်ခြေရင်းရှိ ကျောက်စာတိုင်ကျေး ရွာ ဘက်သို့အလာ လမ်းတွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီနီးပါးခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့ သည်ဟု ထို နေရာအနီးတွင်နေထိုင်သော ဒေသခံတစ်ဦးက ပြောသည်။

Friday, October 7, 2022

ဘူးသီးတောင်မြို့နယ်မှ မူဆလင်ရာအိမ်မှူးတစ်ဦး သေနတ် ပစ်ခံရကာသေဆုံး

နိရဉ္စရာ
အောက်တိုဘာ ၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှ မူဆလင်ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရကာ သေဆုံးသွား ကြောင်း သတင်းရရှိသည်။

သေနတ်ပစ်ခံရ၍ သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံပြင် မူဆလင်ကျေးရွာမှ ရာအိမ်မှူးဦးဆာလီဟာမောက်(၄၂)ဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် ည ၈ နာရီခွဲအချိန်တွင် လူ (၃)ဦးက နေအိမ်ထဲသို့ ပီစတိုဖြင့် ဝင်ရောက် ပစ် ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဖိုးခေါင်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက နိရဉ္စရာကို ပြောသည်

Tuesday, October 4, 2022

ကျောက်ဖြူနှင့် ဘူးသီးတောင်က အုပ်ချုပ်ရေးမှူးများအပါ အဝင် ၆ ဦးကို စစ်ကောင်စီ တရားစွဲ

DVB
4 October, 2022 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ခရိုင်ဦးစီးမှူးတယောက်အပါအဝင် ၆ ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါ တယ်။

ကျောက်ဖြူမြို့မရဲစခန်းတာဝန်ရှိသူတယောက်က “ခရိုင်ငါးလုပ်ငန်းဦးစီးပါ ၄ ယောက်ကို မနေ့က နေ့လယ် လောက်က ရဲစခန်းကိုလာပို့တယ်။ ပြီးရင် သူတို့ကို ၁၇(၁)ပေါ့။ မတရားအသင်းအက်ဥပဒေပုဒ်မ-၁၇(၁)နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။ ၄ ယောက်စလုံးကို ဖွင့်တာပါ” လို့ ပြောပါတယ်။ 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */