Showing posts with label စုံစမ်းရေးအဖွဲ. Show all posts
Showing posts with label စုံစမ်းရေးအဖွဲ. Show all posts

Thursday, June 27, 2019

ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှု ရုံးမတင်ခင် စုံစမ်း ရေးအဖွဲ့ ICC ဖွဲ့စည်း

VOA 
27 ဇွန်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ကျူးလွန်မှုရှိကြောင်း စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရား သူကြီး ၃ ဦးပါ အဖွဲ့တခုကို ဖွဲ့စည်းပေးလိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ The Hague အခြေစိုက် ICC နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ဥက္ကဌက ကြေညာချက် ထုတ်ပြန်ပါတယ်။

Monday, March 18, 2019

ARSA အဖွဲ့တိုက်ခိုက်မှုဆက်စပ်ဖြစ်ရပ်တွေကို စုံစမ်း ဖို့ တပ်မတော် ခုံရုံးဖွဲ့စည်း

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-18  
ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်ရပ်တွေကို စစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက် ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Wednesday, March 13, 2019

စုံစမ်းရေးအဖွဲ့တွေကို ရခိုင်သွားခွင့်ပေးဖို့ အမေရိကန် သံအမတ် မျှော်လင့်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-12
အမေရိကန်သံအမတ်ကြီး Scot Marciel ကို ၂ဝ၁၉ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်

ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုတွေ လျော့ချနိုင်ဖို့အ တွက် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားရောက် လေ့လာခွင့်ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီ ရယ် က ဒီနေ့ ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */