" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာကလေးများ. Show all posts
Showing posts with label ရိုဟင်ဂျာကလေးများ. Show all posts

Wednesday, August 24, 2022

မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းဆီ သွားရောက်

မဇ္စျိမ သတင်း
24 August 2022 

လူအစုအပြုံလိုက် တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး ငါးနှစ်ကြာမျှ လူပြည့်သိပ်သည့် ဒုက္ခသည်စခန်းများတွင် နေထိုင် နေရသည့် ဖိစီးနှိပ်စက်ခံ ရိုဟင်ဂျာများ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် နိုလင်း ဟေဇာသည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ အင်္ဂါနေ့က သွားရောက်ခဲ့သည်။

“ဒီ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေ ဘယ်လို နေထိုင်နေရလဲဆိုတာ သိဖို့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အိမ်တွေဆီ ပြန်ဖို့မှာ သူတို့တွေရဲ့ ခံစားချက်တွေအပါအဝင် အနာဂတ်မျှော်လင့်ချက်တွေအကြောင်း သိရဖို့ အ တွက် ရည်ရွယ်တဲ့ ခရီးစဉ် ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR ၏ ဆက်သွယ်ရေးတာဝန်ခံ ရီဂျင်နာ ဒီ လာ ပေါ့တဲလ်လာက နိုလင်း ဟေဇာ၏ ခရီးစဉ်အတွင်း မီဒီယာသို့ ပြောသည်။

ဒုက္ခသည်စခန်းမှာ ကျောင်းတက်ခွင့်ရတော့မည့် ရိုဟင်ဂျာ ကလေးသူငယ်များ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၄ သြဂုတ်၊ ၂၀၂၂

Cox's Bazar ဒုက္ခသည်စခမ်းတွင်းက ရိုဟင်ဂျာ ကလေးတွေ Arabic ကျောင်းမှာ ကိုရမ်ကျမ်းစာ ရွတ်ဆိုနေစဉ်။ 

 

ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် အများအပြားဟာ ဆယ်စုနှစ် ထက်ဝက်နီးပါးကြာ ကျောင်းမတက်နိုင်တာမျိုး ဒါမှမဟုတ်လည်း အပြည့်အ၀ ပညာသင်ကြားခွင့် မရခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စာသင်ကျောင်းများ အစီအစဉ်ကို က လေးငယ် ၁၃၀,၀၀၀ ကနေ နောက်ဆုံးမှာ စခန်းတွင်းက ကလေးငယ်တွေ အားလုံး အတွက်ပါ တိုးချဲ့နိုင်ရေး အာ ဏာပိုင်တို့က ပြီးခဲ့တဲ့လ အတွင်းမှာပဲ ခွင့်ပြုပေးလိုက်ပါပြီ။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြ ပေးပါမယ်။Mohammad Yusuf က ဒုက္ခသည် စခန်းတွင်းက ကျောင်းမှာ မနက်ခင်းတိုင်း မြန်မာ နိုင်ငံတော် သီ ချင်းကို ဆို ပါတယ်။ မြန်မာ စစ်တပ်ကြောင့် သူ့မိသားစု နိုင်ငံကနေ ထွက်ပြေးခဲ့ရသလို စစ်တပ်ဟာ သူတို့ လူ မျိုး ထောင်ချီ ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်တာတုန်းက မြန်မာ စစ်တပ်ရဲ့ ရက်စက်တဲ့ ချေမှုန်းမှုတွေကြောင့် အများစု မွတ်ဆလင် ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးရတဲ့ အထဲမှာ Yusuf လည်း တဦး အပါအဝင် ဖြစ်ပြီး အခုတော့ သူက အသက် ၁၅ နှစ် ရှိနေပါပြီ။ 

ရိုဟင်ဂျာကလေးများ မြန်မာနိုင်ငံတော်သီချင်း သီဆိုနေကြ ပြီ

ဧရာဝတီ 
24 August 2022
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာကလေးများ စာသင်ကြားမှုမစခင် မြန်မာ နိုင်ငံတော်သီချင်းကို ဆိုရသည် / AFP

ဒုက္ခသည်စခန်းမှ မိုဟာမက်ယူစွတ်သည် သူတက်နေသော ကျောင်းတွင် မြန်မာ နိုင်ငံတော်သီချင်းကို နေ့စဉ်ဆိုရသည်။ မြန်မာနိုင်ငံမှ စစ်တပ်သည် သူ့မိသားစုကို ထွက်ပြေးစေပြီး ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသော စစ်တပ်ဖြစ်သည်။

ယခုအခါ အသက် ၁၅ နှစ်ရှိပြီဖြစ်သော ယူစွတ်သည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် ထိုးစစ် စတင်သည့် လွန်ခဲ့သော ၅ နှစ်က ကြာသပတေးနေ့တခုတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလွတ်မြောက်လာသူ သိန်းပေါင်းများစွာအနက် တဦးဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */