" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လှဖိုးခေါင်စခန်း. Show all posts
Showing posts with label လှဖိုးခေါင်စခန်း. Show all posts

Monday, March 4, 2019

မောင်တောဒေသရှိ လှဖိုးခေါင်စခန်း၊ ကြိမ်ချောင်း၊ ဂုပ္ပိလမ်းနှင့် ကြိမ်ချောင်းတောင်ရွာစခန်းများ ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး


နေပြည်တော်  မတ်  ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့်  ရခိုင်ပြည်နယ်   လမ်းပန်းဆက် သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံတို့သည်      မောင်တောဒေသရှိ ပြန်လည် ဝင်ရောက်လာသူများ  လက်ခံရာတွင်       ကြားစခန်းအဖြစ် ဆောင်ရွက်မည့် လှဖိုးခေါင်စခန်း၌ ဖေဖော်ဝါရီ ၂၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော  အဆောက် အဦများအား မတ် ၂ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမိုးပျက် စီး သာ  အဆောက်အဦ နှစ်လုံး၊ ဘေးအကာနှင့် တံခါးရွက်ပျက်စီးမှု ၁၃၄ လုံးနှင့် အိမ်သာများ ပျက်စီးမှု  ၆၆ လုံး စုစုပေါင်း  ၂ဝ၂ လုံး  ပျက်စီးခဲ့ရာ ဒုတိယဝန်ကြီးနှင့် အဖွဲ့က ပြန်လည်ပြင်ဆင်မည့်အစီအစဉ်များကို အသေးစိတ် မှာကြားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */