" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာအမည်. Show all posts
Showing posts with label ရိုဟင်ဂျာအမည်. Show all posts

Saturday, January 8, 2022

ရိုဟင်ဂျာအမည်အသုံးပြုမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-07 

IOM အဖွဲ့က Rohingya Cultural Memory Centre အမည်ဖြင့် ဖွင့်လှစ်ထားသော အင်တာနက် ဝက်ဘ် ဆိုက် စာမျက်နှာ။
Photo: IOM


ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOM ကနေ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Friday, February 7, 2020

ရိုဟင်ဂျာအမည်ကို အသိအမှတ် ပြုဖို့ လိုပြီလား

CHANNEL FFE MEDIA
PRODUCTION
 မႉးသစ္

ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ သဘောထား ၂ ဘက်ကွဲပါတယ်။ တစ်ဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို လုံးဝမသိသလို ရှောင်လွှဲသုံးတဲ့ဘက်ဖြစ်ပြီး၊ တစ်ဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး ခေါ်ဝေါ်အသုံးပြုတဲ့ဘက်ပါ။ နှစ်ဘက်စလုံးမှာတော့ ပြင်းထန်တဲ့ ယူ ဆချက်၊ ကိုင်စွဲချက်နဲ့ ရပ်တည်ချက်တွေ အသီးသီးရှိကြသလို၊ အချက်အလက်နဲ့အမှန်တရား အပေါ်မှာ ရပ် တည်တာ၊လူ့အခွင့်အရေးနဲ့တန်ဖိုးစံနူန်းတွေအပေါ်ရပ်တည်တာစသည်ဖြင့် အမျိုးမျိုးသော ပုံသဏ္ဍန်တွေ ရှိကြပါတယ်။ လူများစု(ဗမာ) အနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနူန်းကို ပြင်းပြင်းထန်ထန်ငြင်းဆန် တာတွေ့ရပါတယ်။

Tuesday, August 15, 2017

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိ ကြောင်း

ELEVEN

15 August 2017

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်းကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေး နှင့် အကြမ်းဖက် ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူရန် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ထုတ်ပြန်

 
ပြည်သူလူထု၏ လိုလားချက်ဖြစ်သော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအမည်ဖြင့် တိုင်းရင်းသားမရှိကြောင်း ကမ္ဘာသိ တရားဝင်ထုတ်ပြန်ရေးနှင့် အကြမ်းဖက်ကျူးလွန်ခဲ့သူများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အ ရေးယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ က သြဂုတ် ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */