BBC
June 10'2024
Tuesday, June 11, 2024
ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေ ရပ်ရေး ICJ ထပ်တိုးကြားဖြတ် အမိန့် ချပေးဖို့ရာ တောင်းဆိုမလား ဂမ်ဘီယာ ရှေ့နေအဖွဲ့ သုံးသပ်နေ နောက်ဆုံးအဆင့် ကြားနာပွဲတွေ လာမယ့်နှစ်ထဲ ပြုလုပ်လာဖွယ် ရှိတယ်လို့ ဂမ်ဘီယာ ရှေ့နေ အဖွဲ့ပြော
Monday, April 8, 2024
မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ သိကောင်းစရာ
VOA
သတင်းသုံးသပ်ချက်
၁၉ ဇူလိုင်၊ ၂၀၁၂
Friday, April 5, 2024
မြန်မာ့အရေးလုံခြုံရေးကောင်စီဆွေးနွေးပွဲအပေါ် အမြင်သုံးသပ်ချက်
VOA
ငြိမ်းချမ်းအေး
၀၅ ဧပြီ၊ ၂၀၂၄
လုံခြုံရေးကောင်စီတံခါးဖွင့်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာပြဿနာကို ဦးတည် ဆွေးနွေးတာမျိုးက စစ်အာဏာရှင်တော်လှန်ရေးမှာလူမျိုးရေးကို ဦးတည်သလား၊ လူသားအားလုံးအရေးလုပ်တာလား ဆိုတာကို စမ်းသပ်ချက် ဖြစ်တယ်လို့အမေရိကန်အခြေစိုက် မြန်မာနိုင်ငံရေးသိပ္ပံပညာရှင်ကသုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေး မြန်းထားပါတယ်။
Link : Here
Saturday, March 2, 2024
ထိုင်းလွှတ်တော် မြန်မာ့အရေးဆွေးနွေးပွဲအပေါ် မြန်မာတက်ကြွလှုပ်ရှားသူရဲ့ သုံးသပ်ချက်
VOA
ညိုညိုလွင်
၀၁ မတ်၊ ၂၀၂၄
Thursday, December 21, 2023
ဓားသွားကြွေလို့ လှံလည်းခွေနေပြီဖြစ်တဲ့ အာဏာသိမ်း စစ်တပ်
DVB
December 20, 2023
တပ်ရင်းအလိုက် လက်နက်ချတယ်။ အလံဖြူထောင်လို့ အညံ့ခံတယ်။ မှားမှန်းသိလို့ အလင်းဝင်လာကြတယ်။ ဒါဟာ ယနေ့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဖြစ်အပျက်တွေ မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်တယ်။
ဘာ့ကြောင့် ဒီလိုဖြစ်နေရသလဲဆိုရင် ပြည်သူ့နှလုံး မသိမ်းကြုံးနိုင်ဘဲ ပြည်သူ့အမုန်း ခံယူနေကြလို့သာ ဖြစ်တယ်။ ပြည်သူတွေကို သေရဲတဲ့ကောင်ထွက်ခဲ့လို့ စိန်ခေါ်တာလိုလို ခြိမ်းခြောက်တာလိုလိုနဲ့ လက်နက်ကိုင်ပြီး အ ကြောက်တရား ဖြစ်လာကြမလားလို့ ရက်စက်တဲ့ အပြုအမူတွေနဲ့ ရမ်းကားခဲ့ကြခြင်းကြောင့် ဖြစ်တယ်။ လူငယ် တွေဟာ အချည်းအနှီး အသေမခံလိုဘဲ ဖက်ဆစ်ဝါဒီ စစ်မိစ္ဆာတွေကို တော်လှန်တိုက်ခိုက်ရင်း အသေခံမယ်ဆိုတဲ့ နိုင်ငံအတွက် ပြည်သူလူထုအတွက် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်တွေချပြီး ယနေ့အထိ စွန့်လွှတ်ခြင်းများ စွာနဲ့ တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်။
Tuesday, December 19, 2023
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ
IJBS
ဝေမိုး | Click here for the English language version of this article.
Cite as: ဝေမိုး၊ (၂၀၂၁)၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းစစ်ဘောင်ချဲ့မှုများ၊ လွတ်လပ်သော မြန်မာ့ သုတေသန ဂျာနယ်၊ (၁)။ https://ijbs.online/?page_id=3228
စာတမ်းအကျဉ်း
ယခု စာတမ်းတွင် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဘောင်သွပ်သွင်းမှုများနှင့် တပ်မတော်၏ အသားကျနေပြီဖြစ်သည့် စစ်ရေးဆိုင်ရာ အလေ့အကျင့်များကို အနှစ်ချုပ်ဖော်ပြခြင်း အားဖြင့် ရည်ရွယ်ချက်ရှိ ရှိကြံရွယ်ထားသည့် စစ်ဆင်ရေး အခြေအနေများကို ပုံပေါ်လာစေကာ အ ဆို ပါဒေသတွင်း ရိုဟင်ဂျာလူမျိုးများအပေါ်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပုံကို ဆွေးနွေးတင်ပြထား ပါ သည်။ ဤစာတမ်းတွင် စစ်ဆင်ရေးပြု လုပ်ရာတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သည့် အမိန့်ပေး သူ အဆင့်မြင့် စစ်ဗိုလ်ချုပ်ကြီး ငါးဦးအား မီးမောင်းထိုးပြသကာ တပ်မတော် အင်စတီကျူးရှင်းများ ရှိ စစ် သားများ၏ ပညာရေး အခန်းကဏ္ဍသည် သာမန်စစ်သားများ၏တွေးတောစဉ်းဆင်ခြင်နိုင်မှု နှင့် ဓလေ့ တို့ကို ပုံသွင်းရာတွင် အရေးပါကြောင်းကိုလည်း ရှင်းလင်းပြသထားပါသည်။ စစ်သားများ သည် ဗမာ လူမျိုးနှင့် ဗုဒ္ဓဘာသာအပေါ်အခြေခံသည့် အမျိုးသားရေးဝါဒကို အဓမ္မရိုက်သွင်းထား ခံရ ရုံသာမက အထူးရွေးချယ်ခြင်းခံရသည့် စစ်သားအချို့မှာ စစ်ရေးနည်းပညာများ ဆိုင်ရာ အဆင့်မြင့် ပညာ ရပ်များ ကို နိုင်ငံခြားတိုင်းပြည်များ မှသင်ယူလာကြသည်ကိုလည်းတွေ့ရပါသည်။
Saturday, October 28, 2023
အစ္စရေး-ဟားမတ်(စ်) စစ်ပွဲနဲ့ အာဆီယံ အခြေအနေ (သုတေသီတဦး သုံးသပ်ချက်)
VOA
ဗွီအိုအေ မြန်မာပိုင်း
ငြိမ်းချမ်းအေး
၂၈ အောက်တိုဘာ၊ ၂၀၂၃
အစ္စရေး-ဟားမတ်စ် အရေး ဆက်ကြီးထွားလာပြီး ဂါဇာ ကမ်းမြောင်မှာ ပါလက်စတိုင်းတွေ ပို ထိခိုက် လာမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေမှာပါ အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရနိုင်ပြီး မတည်မ ငြိမ် ဖြစ်လာနိုင်တယ်လို့ အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင်သူ တဦးက သတိပေးလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ အပေါ် မြန်မာ အာဏာသိမ်း စစ်တပ် အပါအဝင် ဒေသတွင်းက ရှုမြင်ချက် နဲ့ ရိုက်ခတ်မှုတွေအကြောင်းကို ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
Sunday, April 25, 2021
မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူ ညီချက်အပေါ် အမြင်များ
စစ်တပ်က အာဏာသိမ်းပြီးနောက် အလွန်ဆိုးဝါးသော အခြေအနေများကို ရင်ဆိုင်နေရသည့် မြန်မာပြည်ကို တစုံတရာ ကုစားနိုင်ရန်ဆိုသော ရည်ရွယ်ချက်နှင့် အာဆီယံနိုင်ငံက ခေါင်းဆောင်များ စုပေါင်းပြီး အဖြေရှာရန် ကြိုးပမ်းသည့် မြန်မာ့ အရေး အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပခဲ့သည်။
Monday, February 3, 2020
ICOE အစီရင်ခံစာ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိမလဲ
ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
03 ဖေဖော်ဝါရီ၊ 2020
မြန်မာအစိုးရက ဖွဲ့စည်းပေးထားပြီး ဖိလစ်ပိုင် သံအမတ်ကြီး မစ္စ ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ် သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ICOE ဟာ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို ဇန်နဝါရီ ၂၀ရက်နေ့ က နိုင်ငံတော် သမ္မတဆီ ပေးအပ်ပါတယ်။ အဲနောက် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တင်ပြီး အများပြည်သူ သိအောင် ထုတ်ပြန်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ ကိုယ် တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ချိုးဖေါက်တယ် ဆိုပြီး အ ပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ကြားဖြတ်အမိန့် တစ်ရပ် ချမှတ်ဖို့ ၂ ရက်လောက် အလိုမှာမှထုတ် ပြန်တာ ဖြစ်လေတော့ အဲဒီ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုတော့ ရှိမသွားခဲ့ပါဘူး။ မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်၊ ဒါ ကို တပ်မတော်က နှိမ်နင်း၊ နောက်ပိုင်း သန်းတစ်ဝက်ကျော် ရှိ မယ့် မူဆလင်ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေး တဲ့ ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ စစ်ရာ ဇဝတ်မှုတွေ ကျူးလွန်ခဲ့သလား၊ လူ့အခွင့်အရေး ချိုး ဖေါက်မှုတွေ ရှိခဲ့သလား ဆိုတာကို မြန်မာနိုင်ငံဘက်က စုံ စမ်းရေး ကော်မရှင် အမျိုးမျိုးဖွဲ့ပြီး စုံစမ်းစစ်ဆေး တာ၊ တွေ့ရှိချက်တွေ ထုတ်ပြန်တာ လုပ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံ တာ မျိုးတော့ မရှိခဲ့ပါဘူး။ အခု ICOE ရဲ့ အစီရင်ခံစာ ဘာတွေ ထူးခြား သလဲ၊ ဘယ်လို အချက်အလက်တွေ ဖော်ပြထားပြီး ဘယ်အတိုင်းအတာ အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြ ရ အောင် ပါ။
Wednesday, December 11, 2019
ICJ မှာ ဂမ်ဘီယာလျှောက်လဲချက်အပေါ် အမေရိကန်ပါ မောက္ခတဦး၏ သုံးသပ်ချက်
ဗွီအိုအေ (မြန်မာဌာန)
11 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
Monday, December 9, 2019
ကိုဖီအာနန် ကော်မရှင် ဖွဲ့မှ အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ် တယ် ဆိုတဲ့ သုံးသပ်ချက်က မှားပါတယ်
9 December 2019
ဟာဂျီ ဦးအေးလွင် / ဧရာဝတီ
Friday, November 29, 2019
ICJ တွင် မြန်မာအပေါ်တရားစွဲထားသည် ဂမ်ဘီယာ Report အား ကောက်နုတ်သုံးသပ်ချက်
28 နိုဝင်ဘာ 2019
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုစိုက်)နှင့် စပ်လျဉ်း၍ ကျူးလွန် ခဲ့ခြင်း၊ ပါဝင်ပတ်သက်ခဲ့ခြင်း၊ ဖုံးဖိထားခဲ့ခြင်း၊ Genocide Convention ပဋိညာဉ် သဘောတူညီချက်အား ချိုး Aဖာက်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအစိုးရ အပါအဝင် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး အ ပြစ် ပေးပါရန် ဂမ်ဘီယာနိုင်ငံက ICJ (ကုလသမဂ္ဂ တရားရုံး)တွင် ၁၁၊ နိုဝင်ဘာ၊ ၂၀၁၉ ရက်စွဲဖြင့် ၄၇ မျက် မှာပါ တရားစွဲဆိုချက် တင်သွင်းခဲ့သည်။
Tuesday, November 5, 2019
နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကမ္ဘာ့ထိပ်သီးလေးနိုင်ငံ တွေ့ဆုံမှု သုံးသပ်ချက်
ဖြူဖြုခိုင်
2019-11-05
Photo: Myanmar State Counsellor Office
Saturday, September 7, 2019
ဂူတာပြင်ရွာသတ်ဖြတ်မှုအပေါ် သုံးသပ်ခြင်း ( RFA စကားဝိုင်း )
RFA စကားဝိုင်း အစီအစဉ်
၀၇ စက်တင်္ဘာလ ၂၀၁၉။
■ ■ လွတ်လပ်တဲ့အာရှအသံ RFA က အပတ်စဉ် စနေနေ့ နေ့လယ် ၂ နာရီကနေ ၃ နာရီအထိ “RFA စကားဝိုင်း” (Call-in Show) အစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
Friday, September 6, 2019
ကုလအထူးကိုယ်စားလှယ် Burgener ရဲ့စွမ်းဆောင်နိုင် မှု အပေါ် သုံးသပ်သူတချို့အမြင်
06 စက်တင်ဘာ၊ 2019
ကိုဉာဏ်ဝင်းအောင်
Saturday, April 27, 2019
ရိုဟင်ဂျာဒုက္ခသည်အခြေအနေ ကုလအကြီးအကဲ တွေ သုံးသပ်
27 ဧပြီ၊ 2019
အင်ကြင်းနိုင်
Tuesday, February 19, 2019
CEDAW ညီလာခံ မြန်မာအစီရင်ခံစာပြုစုမှုအပေါ် သုံးသပ်ချက်
CEDAW ခေါ် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု အလုံးစုံ ပပျောက်ရေး ၇၂ ကြိမ်မြောက် ညီလာခံကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ မနေ့က စလို့ မတ်လ ၈ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။