Showing posts with label မွတ်ဆလင်လက်နက်ကိုင်. Show all posts
Showing posts with label မွတ်ဆလင်လက်နက်ကိုင်. Show all posts

Sunday, October 6, 2024

မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များနှင့် အနောက်ဘက်ခြမ်း ပြဿနာ

DMG
By Admin
မင်းထွန်း - ရေးသည်
24 Sep 2024

AA သည် မွတ်ဆလင်အများစုနေထိုင်ရာ မောင်တောခရိုင်ကို စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ခဲ့လျှင်လည်း မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များသည် AA အတွက် စိန်ခေါ်မှုဖြစ်လာနိုင်သည်။ 

မေယုတောင်တန်းကြီးမှာ မြင့်မားသည့် တောင်စဉ်တောင်တန်းများနှင့် သစ်ပင်ကြီးငယ်တို့ ထူထပ်နေသည့် နေရာဖြစ်သည်။ တောအုပ်ကြီးဖြစ်သည့်အလျောက် ကျေးငှက်သာရကာနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စာသည့်အပြင် လက်နက်ကိုင်အဖွဲ့များ ခိုအောင်းရာ နေရာလည်းဖြစ်သည်။ ရခိုင်ပြည်၏ အနောက်ဘက်ခြမ်း မေယုမြစ်နှင့် နစ်မြစ်ကြားတွင် ရှိပြီး မယူတောင်တန်း ဟုလည်း ခေါ်ကြသည်။

Monday, February 12, 2024

ရခိုင်တိုက်ပွဲကြောင့် ပြေးဝင်လာသူများအနက် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီးထား

DMG
ဖေဖော်ဝါရီ ၁၀ 

 
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ရခိုင်ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ပြေးဝင်လာသည့် မွတ်ဆလင်လက်နက်ကိုင် ၂၃ ဦးကို ဖမ်းဆီးထားပြီး ကော့ဘဇားရှိ အူခီးယာရဲစခန်းတွင် တရားစွဲဆိုထားကြောင်း BDNews24 သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။


ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည်များသည် မြန်မာဘက်သို့ မည်ကဲ့သို့ ဝင်ရောက်သွားပြီး ယခုကဲ့သို့ လက်နက်များနှင့် ပြန်ဝင်လာသည်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */