Showing posts with label ရဲ. Show all posts
Showing posts with label ရဲ. Show all posts

Tuesday, November 28, 2023

မအီရဲစခန်းက စခန်းမှ စခန်းမှူး အပါအဝင် ရဲ ၅ ဦး အေအေ ထံ အလင်းဝင်

Narinjara
ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃ 

(မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄ဦးလည်း ထွက်ပြေးနေရ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး ရက္ခိုင့်တပ်တော် (AA) ထံ အလင်းဝင်သွားခဲ့သည်ဟု သတင်းရရှိသည်။

လက်နက်ချသွားခဲ့ကြသည့် သူများမှာ စခန်းမှူး ရဲအုပ် ချစ်ထွန်း၊ ဒုရဲအုပ် ကျော်မင်းထွန်း တကက သိန်းနိုင် အပါ အဝင် ရဲတပ်သား ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။

Wednesday, October 30, 2019

စစ်တွေမြို့နယ် ဗျိုင်းဖြူရွာအား ရဲနှင့်လဝကများက တစ်အိမ် တက်ဆင်း စစ်ဆေးမှုများပြုလုပ်

နိရဉ္စရာ
စိုးဇံအောင်၊ နီမင်းထွန်း
နိရဉ္စရာ၊ အောက်တိုဘာ ၃ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာအုပ်စုကို ယနေ့ နေ့လယ်က ရဲနှင့်လဝကများက တစ်အိမ် တက်ဆင်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာလ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ရဲနှင့် လဝက အင်အား ၁ဝဝ နီးပါးက ကား ၁၇ စီးဖြင့် ဗျိုင်းဖြူကျေးရွာ အုပ်စုရှိ ဆတ်ရိုးကျအရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်၊ အောင်ချမ်းသာကျေးရွာ၊ မင်းဒြားချိတ် ကျေးရွာစသည့် ရွာလေးရွာကို ဝင်ရောက်ပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေကို တစ်အိမ် တက် တစ်အိမ်ဆင်း စစ်ဆေးနေခြင်းဖြစ်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */