B B C
ဘီဘီစီမြန်မာပိုင်း
2022-12-23မြန်မာ့အရေးကူညီမယ့် NDAA ဥပဒေကို ကန်သမ္မတအတည်ပြု
အမေရိကန်အထက်လွှတ်တော်နှစ်ရပ်က အတည်ပြုထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဥပဒေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်အတည်ပြုလိုက်ပြီလို့ အမေရိကန်ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီဥပဒေထဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။