" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူမျိုးတုံးသတ်ဖြတ်ခံရမှု. Show all posts
Showing posts with label လူမျိုးတုံးသတ်ဖြတ်ခံရမှု. Show all posts

Friday, August 25, 2023

အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့နဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ဖို့ ရိုဟင်ဂျာတွေ တောင်းဆို

RFA
RFA Burmese
2023.08.25

၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးနေရသည့် ရိုဟင်ဂျာဒုက္ခသည်များ။
REUTERS/Mohammad Ponir Hossain

နေရပ်အမြန်ဆုံးပြန်နိုင်ဖို့နဲ့ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇား ဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့် အောက်မေ့ ဖွယ်အခမ်းအနားမှာ တောင်းဆိုလိုက်ပါတယ်။

Tuesday, May 31, 2022

ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှုစာအုပ် ထုတ်ဝေဖြန့် ချီတဲ့ လွင်ဦးစာအုပ်တိုက်ကိုစစ်ကောင်စီပိတ်သိမ်း

လူထုနွေဦး
မေ 31, 2022

စာအုပ်တိုက်ထုတ်ဝေခွင့်ကိုမေလ ၂၈ ရက်မှာ ရုတ်သိမ်းလိုက်ပြီး မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုတာ ဖြစ် စေ ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြုပြီးဖြစ်စေ ရေးသားထုတ်ဝေတာတွေ မထုတ်ဖို့ စစ်ကောင်စီကဆိုထား ပါ သေးတယ်။

ရိုဟင်ဂျာတွေလူမျိုးတုံးသတ်ဖြတ်ခံရတဲ့အကြောင်းစာအုပ်ကို တင်သွင်းထုတ်ဝေ ဖြန့်ချီရောင်းချတာကြောင့်လွင်ဦး စာပေကို ထုတ်ဝေခွင့်လိုင်စင်သိမ်းကာ စစ်ကောင်စီကစာအုပ်တိုက် ပိတ်သိမ်းလိုက်ပါတယ်။

Ronan Lee ရဲ့ MYANMAR’S ROHINGYA GENOCIDE စာအုပ်ကို လွင်ဦးစာပေ ဟာ တင်သွင်း၊ထုတ်ဝေ၊ဖြန့်ချီရောင်းချခဲ့ပြီးဒါဟာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဥပဒေပါ စည်းကမ်းချက်ကို ချိုးဖောက်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီရဲ့သတင်းစာမှာဖော်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */