Showing posts with label ရိုနေဆန်းလွင်. Show all posts
Showing posts with label ရိုနေဆန်းလွင်. Show all posts

Sunday, February 20, 2022

"အာဏာလုထားတဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ် ဘူး" - DVB ICJ Talkshow

DVB TV
၂၀ ရက် ဖေဖေါ်ဝါရီလ ၂၂ ရက်။


"စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာသံရုံးကနေ ICJ တရားရုံးက ဆက်သွယ်ဆောင်ရွက်ခဲ့လို့ စစ်ကောင် စီ ကိုယ် စားလှယ်အဖွဲ့က လာရောက်ဖြေရှင်းခွင့်ရခဲ့တာ။ တရားရုံးအနေနဲ့အခုလိုဆောင်ရွက်လိုက်တာဟာ မှန်ကန်တဲ့ ဆောင် ရွက်ချက်မဟုတ်ဘူး။ ICJ တရားရုံးက နိုင်ငံကိုယ်စားပြုအစိုးရဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။UN ရဲ့တာဝန် မဲ့မှုတွေကြောင့် အခုလိုတွေဖြစ်လာတာ။သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် NUG အစိုးရရဲ့ သံအမတ်ဖြစ်တည် လို့ တိတိကျကျ ဆုံးဖြတ်ခဲ့ရင် ဒီပြဿနာဖြစ်လာမှာ
မဟုတ်ဘူး။ UN မှာ ရှိနေတဲ့ ဝန်ထမ်း တွေသည် ကမ္ဘာနိုင် ငံ  တွေက ပြည်သူတွေဆီက အခွန်အခတွေနဲ့ လစာတွေယူပြီး တာဝန်တွေေ ကြအောင် မလုပ်ဘူး။ သမ္မတကိုဖမ်းပြီး နိုင်ငံအာဏာလုထားတဲ့ စစ်တပ်က မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်ဘူး။ပြည်သူလူ ထုကရွေးချယ်ထားတဲ့ NUG ကပဲ မြန်မာနိုင်ငံအစိုးရဖြစ်တယ်"

အောင်သူ (ဒီမိုကရတစ်မြန်မာ့အသံ)
ကိုနေဆန်းလွင် (ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ပူးပေါင်းတည်ထောင်သူ)
မခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ)
#DVBTV #Rohingya #ICJ #Talkshow #WhatsHappeningInMyanmar

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရသည့် ရိုဟင်ဂျာအရေး ဒုတိယအကြိမ် ကြားနာစစ်ဆေးမည့် အခြေအနေ သုံးသပ် ချက် (အင်တာဗျူး)

Mizimma Media
၂၀ ရက် ဖေဖေါ်ဝါရီ ၂၀၂၂

"အမှုကို ခုခံဖို့ ဆိုတာထက် အဲ့မှာ (ICJ) ကိုယ်စားပြုခွင့် ရတယ်ဆိုရင် နိုင်ငံတကာမှာ တရားဝင် အစိုးရ တစ် ဖွဲ့ အနေနဲ့ ရပ်တည်ခွင့် ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားတယ်လို့ ထင်တယ်။ တရားရုံးမှာ ကိုယ်စားပြုခွင့် ရတာက အစိုး ရ တစ်ရပ် အနေနဲ့ တရားဝင်ဖြစ်မှာ မဟုတ်ဘူး၊ ဒါကို သူတို့ (စစ်ကောင်စီ) နားလည်ဖို့လို တယ်" ရို ဟင်ဂျာများ ကို လူမျိုးတုံး သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား စွဲဆိုထားသည့် အမှုကို ဒုတိယ အကြိမ် အဖြစ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ လာမည့် ဖေဖော်ဝါရီလ ၂၁ ၊ ၂၃ ၊ ၂၅ နှင့် ၂၈ ရက်နေ့များတွင် လေး ရက်ကြာ ကြားနာ စစ်ဆေးမည် ဖြစ်သည်။

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရသည့် ရိုဟင်ဂျာအရေး ဒုတိယအကြိမ် ကြားနာ စစ်ဆေးမည့် အခြေအနေ များ နှင့် ပတ်သက်၍ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်း အဖွဲ့၏ တွဲဖက် တည်ထောင်သူ ရိုနေဆန်း လွင်၏ သေ ဘာထား အမြင်များကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */