RFA
RFA Burmese
2025.02.28
ဘူးသီးတောင်မြို့နယ် မေယုမြစ်တွင် ငါးဖမ်းနေကြသည့် ရိုဟင်ဂျာ ငါးဖမ်းလှေများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်။ Photo: RFA
ဘူးသီးတောင်မြို့နယ်မှာ တံငါသည်အလုပ်နဲ့ အသက်မွေးကြတဲ့ ရိုဟင်ဂျာတွေဟာ အရင်ကထက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေကြပေမဲ့ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ငါးဖမ်းကိရိယာတွေ ရှားပြီး ဈေး ကြီးနေတာကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။
"အခုကျွန်တော်တို့ဒီမှာ အရင်တုန်းကထက် အေးအေးချမ်းချမ်းနဲ့ ငါးရှာရောင်းစားလို့ရတယ်။ အာရက္ခတပ်တော်ရှိတယ်။ အာရက္ခတပ်တော်က ဘာလုပ်လဲဆိုရင် ကျွန်တော်တို့ထောက်ခံချက်ယူရတယ်။ ထောက်ခံချက်ယူပြီးတော့ ကျွန်တော်တို့ကို ကြိုက်တဲ့နေရာမှာ ငါးရှာဖို့ခွင့်ပြုပေးတယ်။ အရင်ဗမာ စစ်ကောင်စီတုန်းက ဘယ်ကိုမှသွားလို့မရ။ ရသေ့တောင်ဘက်တွေကို သွားရင် နယ်ကျော်တယ်လို့ပြောတယ်"