" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ပွဲအရှိန်မြင့်. Show all posts
Showing posts with label စစ်ပွဲအရှိန်မြင့်. Show all posts

Tuesday, December 19, 2023

ပြည်တွင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် ၂ သန်းခွဲကျော်လာ တဲ့ မြန်မာနိုင်ငံ၊ စစ်ပွဲအရှိန်မြင့်လာတာနဲ့ အမျှ ရှင်သန်ဖို့ ခက်ခဲလာနေတဲ့ အခြေအနေ

MoeMaka
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၂၃

စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာမှာ လက်နက်ကိုင် ခုခံတိုက်ခိုက်မယ့် လမ်းကြောင်းကို မြို့တွေ ကျေးရွာတွေက အချို့သောလူထုက ရွေးချယ်ခဲ့ကြပါတယ်။ မြို့တွေမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ တာ တွေကို ပစ်ခတ်ဖြိုခွဲပြီးနောက်မှာ ဆန္ဒပြလူငယ်တွေအနေနဲ့ လက်နက်နဲ့ ပြန်တုံ့ပြန်မယ့် နည်းလမ်း၊တနည်းအား ဖြင့် လက်နက်ကိုင် ခုခံတော်လှန်မယ့် လမ်းကြောင်းကို အခြေအနေကတွန်းပို့လိုက်သလို ဖြစ်စေခဲ့ပြီးစစ်အာဏာ ရှင်စနစ်ကို လက်နက်နဲ့ တိုက်ခိုက်ဖယ်ရှားဖို့ ရေစီးဖြစ်လာခဲ့တာပါ။ အာဏာသိမ်းတဲ့ စစ်တပ်ကို စစ်ရေးနည်း လမ်း နဲ့ ဖယ်ရှားမယ်လို့ ဆုံးဖြတ်လိုက်တဲ့နောက် မြို့တွေ နယ်တွေ ကျေးလက်တွေက လူငယ်တွေ ထောင် သောင်းချီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ကြပြီး စစ်ရေးသင်တန်း၊ ဖောက်ခွဲရေး သင်တန်း၊ မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေကို လုပ်ကြံပစ်ခတ်မယ့် လက်နက်ငယ် သင်တန်းတွေကို တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေထံက သင်ယူပြီး မြို့ပေါ် မှာ မြေအောက်လှုပ်ရှားမှုနဲ့ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ်နဲ့သော်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အမိန့်ပေး မှု အောက်က စစ်ကြောင်းတွေမှာသော်လည်းကောင်း ဝင်ရောက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ လုပ် ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */