" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ကောင်စီစခန်း. Show all posts
Showing posts with label စစ်ကောင်စီစခန်း. Show all posts

Wednesday, November 29, 2023

အရေးပါတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်၊ ခလရ ၁၂၅ တရင်းလုံးလက်နက်ချလို့ MNDAA ပြော

VOA
ဇော်ဝင်းလှိုင်
၂၉ နိုဝင်ဘာ၊ ၂၀၂၃ 

ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင် လက်နက်များသိမ်းဆည်းမိခဲ့ကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာလ ၂၇၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကုန်ကြမ်းမြို့နယ်ထဲကအရေးပါတဲ့တပ် စခန်းတခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းယူလိုက်ပြီး ဒီဒေသမှာ အခြေစိုက်တဲ့ ခလရ ၁၂၅ တပ် ရင်း ကလည်း လက်နက်ချခဲ့ကြောင်း MNDAA က သတင်း ထုတ်ပြန်ထားပါတယ်။ 

လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲပြင်းထန်တာမရှိဘဲ ကြိုးကြား တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အ ခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Wednesday, November 22, 2023

ရခိုင်ပြည်တွင် ၁၀ ရက်အတွင်းစစ်ကောင်စီစခန်း ၅၀ နီးပါး ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ပြော

THE 74 MEDIA
Nov 22, 2023

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၅၀ ခန့်ကို ရက္ခိုင့် တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ သတင်းထုတ်ပြန် ကြေညာ လိုက် သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */