Showing posts with label V-Force. Show all posts
Showing posts with label V-Force. Show all posts

Wednesday, January 8, 2025

မောင်တော နှစ်ခြမ်း ကွဲတော့ မလား

ဧရာဝတီ
by မိုးမြင့်
19 December 2017


မောင်တောမြို့နယ် မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းက တွေ့ရသည့် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟု ခေါ်သော အမျိုးသမီး တချို့ နှင့် ကလေးများကို တွေ့ရစဉ် / မိုးမြင့် / ဧရာဝတီ


ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အ ထည် ဖော်ရန် အတွက် ပြည်တွင်းနှင့် ပြည်ပ ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ အကောင်အထည် ဖော်ရေး ကော်မတီတခုကို ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးက ဒီဇင်ဘာ လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Friday, February 11, 2022

RSO နှင့် မူဂျာဟစ်ဒင် လက်နက်ကိုင်တို့၏ နောက်ခံသမိုင်း

RSO လက်နက်ကိုင်အဖွဲ့ မပေါ်ပေါက်ခင် ရခိုင်ပြည်နယ်ရှိ မေယုခရိုင် (ဘူးသီးတောင်-မောင်တော) တွင် မူဂျာဟစ်ဒင် ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းသူများ ရှိခဲ့ဖူးသည်။

မူဂျာဟစ်ဒင် လက်နက်ကိုင် သောင်းကျန်းသူများသည် ရခိုင်မြောက်ပိုင်းကို ကြီးစိုးနေခဲ့သည်ဟု မှတ်တမ်း များအရ သိရသည်။ ဒီနေရာတွင် ၁၉၄၀ ကာလများက ရခိုင်ပြည်နယ်၏ အနေအထားသမိုင်းကြောင်းကို အနည်း ငယ်တော့သိဖို့လိုသည်။

 ရခိုင်အပါအဝင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်တွင် ကျရောက်နေချိန်ဖြစ်သည်။ လွတ်လပ်ရေးကို ကြိုးပမ်းနေသော ကာလဖြစ်သည်။ ဗြိတိသျှ အုပ်ချုပ်စဉ်ကာလမှာလည်း မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများ အကြားတွင် ပဋိပက္ခများ ရှိနေခဲ့ပြီးသားဖြစ်သည်။

ဂျပန်တွေ မြန်မာပြည်သိမ်းပြီး ဗြိတိသျှနယ်ချဲ့တွေ ဆုတ်ပြေးတဲ့ အချိန်မှာ ရခိုင်၏ အုပ်ချုပ်ရေးပျက်ခဲ့သလို လက်နက် ခဲယမ်းမီးကျောက်နှင့် ဒုစရိုက်မှုများလည်း အခြားနယ်များမှာကဲ့သို့ အများအပြားရှိခဲ့တာ တွေ့ရ သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */