Showing posts with label RFA Burmese. Show all posts
Showing posts with label RFA Burmese. Show all posts

Friday, May 22, 2020

တည်ဆဲဥပဒေအချို့ ပြင်ဆင်ဖို့ ကုလကိုယ်စားလှယ် ဟောင်း တိုက်တွန်း

မြန်မာဌာန | သတင်းများရဲခေါင်မြင့်မောင်
2020-05-21

ပြီးခဲ့တဲ့ မေလ ၂၀ရက်က နယူးယောက်မြို့ အခြေစိုက် Global Justice Center က ဦးစီးပြီး၊ ICJ တရားရုံးရဲ့ provisional measures ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာမှုရှိရဲ့လားဆိုတဲ့ ခေါင်းစဉ်နဲ့ အွန် လိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စ ယန်ဟီးလီ၊ ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်း လယ်တီတီရာ ဗန်ဒန် အန်ဆန်မ် နဲ့ ရိုဟင်ဂျာ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မဝေဝေနုတို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

Thursday, May 21, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ဆန္ဒပြ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | မေးမြန်းခန်း
2016-05-21

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ် ဘဇား Cox’s Bazar ခရိုင်ရှိ Nayapara နရာပယာ ဒုက္ခသည်စခန်းမှာ မြန်မာ နိုင် ငံ ရခိုင်ပြည်နယ်က သွားရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာမူစလင်တွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။

Friday, May 15, 2020

ဘင်္ဂလားဒေ့ရှ်စခန်း ဗိုင်းရပ်စ်ကူးစက်မှု ဒုက္ခသည်များ အကြား စိုးရိမ်စရာဖြစ်လာ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
ကျော်လွင်ဦး
2020-05-15


 ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ် ကော့ဆက်ဘဇားဒေသမှာ မနေ့ကအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၂ ယောက်ရှိပြီး အဲဒီအထဲက နှစ်ယောက်ဟာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။

အဲဒီ နှစ်ယောက်ထဲကမှ ရိုဟင်ဂျာတစ်ယောက်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာသူ တစ်ယောက်ဖြစ်တယ် လို့ UNHCR ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Louise Donovan က RFA ကို အတည်ပြုပြော ထားပါတယ်။ သူဟာ ကုတုပါလောင်ဒုက္ခသည်စခန်း အမှတ် ၁ အရှေ့ဘက် စခန်းက အသက် ၃၇ နှစ် အရွယ် အမျိုးသားတစ်ယောက် ဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်

Wednesday, April 22, 2020

ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-04-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင် ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီ ရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

Thursday, March 26, 2020

ရိုဟင်ဂျာစခန်းအနီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေ့ရှိ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
Mar 25, 2020

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအနီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အစိုးရကပိတ်ထားလိုက်ပါပြီ။ အဲ့ဒီစခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဆက်သွယ်မေးမြန်းပြီး RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထား ပါတယ်။
Link : Here

Thursday, February 20, 2020

မျှော်လင့်ချက်မဲ့နေတဲ့ ရခိုင်က ရိုဟင်ဂျာများ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020.02.20


■ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေ ခဲ့ကြရတဲ့ မွတ်ဆလင်ဒုက္ခသည် တစ်သိန်းကျော်ဟာ အခုအချိန် ရှစ်နှစ်လောက်ကြာလာတဲ့အထိ သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်က ဝေဝါးနေဆဲဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့အခြေအနေကို ကိုအောင်သိင်္ခက တင်ပြထားပါတယ်။

Friday, February 7, 2020

ကျောက်တော်တိုက်ပွဲ တပ်စခန်းကို AA သိမ်းပိုက်လို့ဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
အောင်သိင်္ခ
2020-02-07
 ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AA Info Desk
ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ကုလားတန်မြစ်အရှေ့ဘက်ခြမ်းက ဝက်မကျရွာအနီးမှာ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး မြန်မာ့တပ်မတော်ရဲ့ စခန်းတစ်ခုကို သိမ်းနိုင်ခဲ့ တယ်လို့ AA ပြောခွင့်ရ ခိုင်သုခ RFA ကို ပြောပါတယ်။

Wednesday, February 5, 2020

ICJ စီရင်ချက် မြန်မာမလိုက်နာရင် ဘာဖြစ်မလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သန့်ဇင်ဦး
2020-02-05
 
နိုင်ငံတကာတရားရုံး (ICJ) ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရက မစိုးရိမ်ဘူးပြောဆိုနေပေမယ့်၊ တကယ် လို့ ကြားဖြတ်စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် ကုလလုံခြုံရေးကောင်စီထိ ရောက်သွား နိုင်တယ်လို့ ဥပဒေပါရဂူဘွဲ့ရနဲ့ လူ့အခွင့်အရေးတက်ကြွသူတချို့က သုံးသပ်နေကြပါတယ်။

Sunday, February 2, 2020

စိုပြေ မပြောချင်ဘူး (စိုပြေ)

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.02.02

■ သောတရှင်တွေ ဆက်လက်နားဆင်ရမှာက ပြင်ပဆောင်းပါးရှင် စိုပြေ ရဲ့ "စိုပြေ မပြောချင်ဘူး " အစီအ စဉ် ဖြစ်ပါတယ်။
အခုတစ်ပတ်မှာတော့ " အမေစုကို ကယ်တင်ပါ " ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။


Link : Here

Friday, January 24, 2020

ICJ ဆုံးဖြတ်ချက် မြန်မာမှတ်သားထားကြောင်း သံအမတ် ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020.01.24
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကို တွေ့ရစဉ်
Photo: AP Photo/Mary Altaffer

 အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မှတ်သားထား ရှိပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ 

အခုလိုမြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေး အပြည်ပြည်ဆိုင်ရာ တရားရုံးအထိရောက်ရတာဟာ မူလက မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့လို့ဖြစ်တယ်လို့ ဝေဖန်တာတွေလည်းရှိပါတယ်။ ဦးတင်အောင်ခိုင် က ဆက်လက်တင်ပြပါမယ်။

Link : Here

Thursday, January 23, 2020

ICJ ကိစ္စ တပ်မတော်စိုးရိမ်မှုမရှိ၊ အစိုးရညွှန်ကြားချက် အတိုင်း လိုက်နာမည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
သီဟထွန်း၊ သက်စုအောင်
2020-01-23

 
ရခိုင်မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး အိုင်စီဂျေကြားဖြတ်အမိန့်အပေါ် စိုးရိမ်ပူပန်မနေဘဲ၊ အစိုးရရဲ့ ညွှန်ကြား ချက် အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ဒုတိယစစ်ဥပဒေချုပ်ဗိုလ်ချုပ် သောင်းနိုင် က ဒီကနေ့ နေ ပြည် တော်မှာ လုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်ပါတယ်။

ICJ ဆုံးဖြတ်ချက်ကို မြန်မာလိုက်နာဖို့ ယန်ဟီးလီပြော ကြား

မိုးမြင့်၊ ဝေမာထွန်း
2020-01-23
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်၊Photo: RF
 
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတကာတရားရုံး ICJ က မြန်မာ အပေါ် ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လို အပ်တယ်လို့ ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက် ပါတယ်။

Thursday, January 16, 2020

တရုတ်လောင်းရိပ်အောက်က ဘယ်တော့လွတ်မလဲ

RFA
လွတ်လပ်တဲ့အာရှအသံ
နေရိန်ကျော်
2020-01-15
တရုတ်ပြည်သူ့သမ္မတနိုင်ငံအလံ။
Photo: AFP


စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးတွေမှာ တရုတ်ကိုမှီခိုနေတဲ့ မြန်မာနိုင်ငံအနေနဲ့ တရုတ်လောင်းရိပ် အောက် က ဘယ်တော့လွတ်မလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

Saturday, December 28, 2019

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် ကို ICG ပြောကြား

RFA 
လွတ်လပ်တဲ့ အာရှအသံ
ခင်မောင်စိုး
2019-12-27 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့နိုင်ငံမှာ လာရောက်ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ ICG နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

Thursday, December 12, 2019

ICJ ထိ ရောက်လာတဲ့ AA အရေး

သန့်ဇင်ဦး
2019-12-12
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Arakan Army

ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်လွတ်လပ်ရေးရဖို့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင်ရွက် နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ မနေ့ကလျှောက်လဲချက် ပေးတဲ့အထဲ ထည့်သွင်းပြောခဲ့ပါတယ်။

Friday, December 6, 2019

AA စစ်ဦးစီးချုပ် ဇနီးနှင့် ကလေးငယ် နှစ်ဦး ဖမ်းဆီးခံရ

သန့်ဇင်ဦး
2019-12-06
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ဇနီး ဒေါ်နှင်းဇာဖြူနှင့် သားသမီးဖြစ်သူများကို ၂ဝ၁၉ ဒီဇင်ဘာ ၆ ရက်နေ့က ချင်းမိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တွေ့ရစဉ်။
Photo: Citizen Journalist


ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ဇနီး၊ သားသမီးတွေကို ထိုင်းထောက်လှမ်းရေးတွေက ချင်းမိုင်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ဒီကနေ့မှာတော့ မြန်မာဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။

ချင်းမိုင်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ တော်လှန်ရေးလှုပ်ရှားသူတွေရဲ့ နယ်မြေအဖြစ် ထင်ရှားပေမယ့် ဒီနေ ရာဟာ မလုံခြုံတော့ဘူးလို့ ဝေဖန်လာကြပါတယ်။

Thursday, December 5, 2019

ICJ အမှုကို အပစ်ရပ်အဖွဲ့များ ထိန်းထိန်းသိမ်းသိမ်း သုံးသပ်

အောင်မိုးမြင့်
2019-12-04
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်နေ့ကကျင်းပစဉ်
Photo: Aung Moe Myint/RFA

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ စွဲဆိုခံနေရမှုမှာ လက်နက်ကိုင်အဖွဲ့တချို့က အစိုးရ ဘက် ကနေ ထောက်ခံကြသလို ICJ ဘက်ကနေ ရပ်တည်ကြတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ NCA အပစ်ရပ် ၁၀ ဖွဲ့ကတော့ အစိုးရရဲ့ ခြေလှမ်းနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေပါတယ်။

Tuesday, December 3, 2019

ICJ အမှုနဲ့ အငြင်းပွားဖွယ် ဒေါက်တာ William Schabas

နေမျိုးထွန်း
2019-12-02
                                  ပရော်ဖက်ဆာ ဒေါက်တာ ဝီလီယံရှဘတ်စ် William Schabas
                                                            Photo: William Schabas

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားပြီး လာမယ့် ဒီဇင်ဘာ ၁၀ ကနေ့ ၁၂ ရက်နေ့ အထိ နယ်သာ လန်နိုင်ငံ The Hague သဟိဂ်မြို့မှာ ကြားနာတော့မှာ ဖြစ်ပါတယ်။

အမှုရင်ဆိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးသွားမယ်လို့ နိုဝင်ဘာလ ကတည်းက အစိုးရဘက်က ကြေညာထားပေမယ့် ဘယ်ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ငှားရမ်းထား တယ် ဆိုတာ ဒီကနေ့ထိ လူသိရှင်ကြား ကြေညာခြင်းမရှိသေးပါ။

Friday, November 29, 2019

နယ်သာလန်ထိသွားရောက်ဝန်းရံကြမယ့်ခရီး လမ်းလွဲနေ ပြီလား

လွတ်လပ်တဲ့အာရှအသံ ( RFA )  
နေမျိုးထွန်း
2019-11-29
 နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးကို တွေ့ရစဉ်
Photo: ICJ
 
နိုင်ငံတကာတရားရုံး ICJ မှာအစွဲခံထားရတဲ့ မြန်မာအမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ထွက်ချက်ပေးမယ့် ခရီးစဉ်ကို သူ့ရဲ့ထောက်ခံသူတွေက ကန်ဒေါ်လာထောင်ချီ ကုန်ကျခံပြီး လိုက်ပါအားပေး မယ့် သူတွေကို ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကလည်း လျှော့ဈေးတွေနဲ့ ဝန်ဆောင်မှုပေးနေကြပါတယ်။

Thursday, November 28, 2019

တပ်မတော်ကို ICJ အရေးယူရန် ကြိုးပမ်းမှု မြောက်ပိုင်းသုံး ဖွဲ့ ထောက်

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2019-11-28

ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC


ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့ က မြန်မာ့တပ်မတော်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံး တွေကအရေး ယူရန် ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း နိုဝင်္ဘာလ ၂၈ ရက် မနေ့က ကြေ ညာလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */