" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လူ့အခြင့္အေရး. Show all posts
Showing posts with label လူ့အခြင့္အေရး. Show all posts

Wednesday, July 22, 2020

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ ဖြူဖြူခိုင်
2020-07-22
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့စဉ် Photo: AFP

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ငြင်းဆန်မနေဘဲ လက်တွေ့ ကျကျ ပူးပေါင်းဖြေရှင်းသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ UPR လို့ခေါ်တဲ့ လေးနှစ်တစ်ကြိမ် နိုင်ငံအားလုံးအလှည့်ကျ လူ့အ ခွင့် အရေးသုံးသပ်မှု လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စွပ် စွဲချက် တွေကို ငြင်းဆန်တဲ့နည်းနဲ့ မဖြေရှင်းဘဲ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ အဖြေရှာသင့်တယ်လို့ လူ့အ ခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်တာပါ။

Tuesday, June 16, 2020

ကုလားလို့ ဘာကြောင့် မခေါ်သင့်သလဲ (လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အမြင်)


VOA
ဗွီအိုအေ (မြန်မာဌာန
ခေတ်စနစ်ပြောင်းလဲလာချိန် မြန်မာမှာ ခေါ်နေတဲ့ ကုလားဆိုတဲ့ အသုံးအနှုန်းကို ခွဲခြား ဆက်ဆံတဲ့နေရာမှာ ပိုပြီး အသုံးပြုလာတဲ့အတွက် "Don't call me Kalar" ကုလားလို့ မခေါ်ပါနဲ့ ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

Black Lives Matter လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ကို အားကြတဲ့ မြန်မာ့လူ့အခွင့်အရေး လှုပ် ရှားသူတွေဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ ကိုယ်ပိုင် Campaign လှုပ်ရှားမှုကို စ တင်ခဲ့ကြပါတယ်။

Tuesday, June 2, 2020

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားဖို့ အမေရိ ကန်အစိုးရကို မြန်မာလူ့အခွင့်အရေးသမားတွေတိုက်တွန်း


B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.02
အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ စံနှုန်းတွေကိုလေးစားလိုက်နာမယ်လို့ မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူတွေ မျှော်လင့်

အမေရိကန်ပြည်ထောင်စုတလွှား လက်ရှိဖြစ်ပွားနေတဲ့အကြီးအကျယ် ပျက်စီးယိုယွင်းနေတဲ့ အခြေအနေ တွေ ကို မြင်တွေ့ရတဲ့အပေါ် အလွန်အမင်းဝမ်းနည်းမိတယ်လို့ စာမှာဖော်ပြထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ရန်ကုန်က အမေရိကန်သံရုံးထံ ဇွန် ၂ ရက်မှာ အီးမေးလ်ကတစ်ဆင့် ပေးပို့ခဲ့ပါတယ်။ အဲဒီအိတ်ဖွင့်ပေးစာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အသံအဖွဲ့၊ Generation Wave၊ ဒို့မြေကွန်ရက်၊ မြန် မာသတင်းလွတ်လပ်ခွင့်အဖွဲ့၊ Myanmar Peace Bikers၊ အိုးဝေပညာဒါနသင်တန်းကျောင်း၊ တအာန်းအမျိုး သမီးအဖွဲ့၊ ရန်ကုန်လူငယ်ကွန်ရက်၊ ကချင်လူငယ်ကွန်ရက်၊ The Seagull လူ့အခွင့်အရေးငြိမ်းချမ်းရေးနဲ့ ဖွံ့ ဖြိုး တိုးတက်မှုအဖွဲ့အပါအဝင် အဖွဲ့အစည်း ၁၈ ဖွဲ့နဲ့ တစ်သီးပုဂ္ဂလတက်ကြွလှုပ်ရှားသူ သုံးဦးတို့က လက် မှတ်ရေးထိုး ပေးပို့ခဲ့တာဖြစ်ပါတယ်။

Tuesday, May 26, 2020

ရခိုင်က ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုမရှိသေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေ ထောက်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
26 မေ၊ 2020
အင်ကြင်းနိုင်
သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည်များ (၂၀၁၆ စက်တင်ဘာ ၇ ရက်နေ့)

ICJ တရားရုံးကို မြန်မာက အစီရင်ခံစာတင်သွင်းတာဟာ နိုင်ငံတကာကို ဟန်ပြသက်သက်လုပ်ဆောင်တာ ဖြစ်ပြီး လက်တွေ့မြေပြင်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ပြောင်းလဲမှုမရှိသေးကြောင်း နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက် ပြောပြ မှာပါ။

Thursday, May 7, 2020

Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာနဲ့ ဓာတ်ပုံသတင်း ထောက် လူ့အခွင့်အရေးသတင်းဆုရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
7 May 2020
ဟောင်ကောင်အခြေစိုက် သတင်းအဖွဲ့တွေက ချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ်အတွက် လူ့အခွင့်အရေး သတင်းသ မား ဆုကို မေလ ၆ရက်နေ့က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာနရဲ့ ဆောင်းပါး ရှင် Thomas Kean နဲ့ ဓာတ်ပုံသတင်းထောက် ခွန်လတ်တို့ ရရှိသွားပါတယ်။

အခုပေးတဲ့ ဆုတွေဟာ အာရှတိုက်အတွင်းက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့သတင်းနဲ့ သတင်းဓာတ်ပုံတွေ မှတ်တမ်း၊ ဗွီဒီယိုစသဖြင့် ရေးသားသူ၊ ရိုက်ကူးသူတွေကို ချီးမြှင့်တဲ့ ဆုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွက် ပေး တဲ့ ဆုဟာ ၂၄ ကြိမ်မြောက်ဆု ဖြစ်ပါတယ်။

Thursday, November 28, 2019

ရခိုင်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ အားနည်းချက်တွေရှိခဲ့

B B C
ဘီဘီစီ မြန်မာပိုင်း
28 နိုဝင်ဘာ 2019

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲခံရတဲ့ အမှုကို ဖြေရှင်းဖို့ မြန်မာနိုင်ငံဘက်က ပြင်ဆင်နေပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ရခိုင်ပဋိပက္ခတွေနဲ့ ပတ် သက်လို့ အစိုးရက စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခုလို ICJ ရဲ့ တရား စွဲ ဆိုမှုကို ကြုံခဲ့ရပါတယ်။ စုံစမ်းရေး ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေမှာ လစ်ဟာမှုတွေ ရှိခဲ့လို့လား ICJ အထိ တရားစွဲဆိုမှုက ဘာလို့ ဖြစ်လာရပါသလဲ ။ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီ အာနန်ရဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်မှာ ပါဝင်ခဲ့ဘူးသူအဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကို မအိမ့်ခိုင်ဦး က ဆက်သွယ် မေးမြန်းထားပါတယ်။

Thursday, September 19, 2019

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဥရောပသမဂ္ဂပြစ်တင် ရှုတ်ချ

VOA 
ဗွီအိုအေ (မြန်မာဌာန
19 စက်တင်ဘာ၊ 2019


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်က ကျုးလွန်တဲ့ လုပ်ရပ်တွေ အပါအ၀င် အတိတ်နဲ့ လက်ရှိအချိန်မှာ ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ဥရောပပါလီမန်က ဒီကနေ့ပဲ တခဲနက် ဆုံးဖြတ်လိုက်ပါတယ်။

Wednesday, July 3, 2019

ရခိုင်မှာ စစ်တပ်နဲ့ AA တို့ လူ့အခွင့်အရေး ချိုးဖေါက် ကြောင်း ယန်ဟီးလီ ပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
02.07.2019


■ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့ နှစ်ဖက်လုံးက အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အေ ရး ချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူ ယန်ဟီးလီ က ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ဆက် လက်ပေါ်ပေါက်ခဲ့တဲ့အတွက်၊ ဒေသခံပြည်သူတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိခဲ့ကြောင်း၊ နှစ်ဖက် တပ်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာရေး ဥပဒေတွေ ချိုးဖေါက်ခဲ့ကြသလို၊ စစ်ရာ ဇ၀တ်မှုတွေ ကျူးလွန်ခဲ့ကြကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရခိုင်နဲ့ ချင်းမှာ အင်တာနက် မိုဘိုင်းဖုန်းဆက်သွယ်ရေးကို စစ်တပ်က ပိတ် လိုက်တဲ့ကိစ္စအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုအဖြစ် ကုလသမဂ္ဂမှာ ပြောဆိုခဲ့သလို၊ AA ကလည်း ပလက် ၀မြို့က ဆောက်လုပ်ရေးအလုပ်သမား ၁၂ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ရွာသူရွာသား ၅၂ ဦး အပါအ ၀င် အရပ်သားတွေကို ပြန်ပေးဆွဲခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Photo: Yanghee Lee's Twitter
RFA Burmese Face Book

Saturday, June 22, 2019

ဒုက္ခသည်ပြန်လာရေး အကောင်းမြင်တဲ့ ASEAN လူ့အခွင့်အရေးသမားတွေ ဝေဖန်

ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအဖွဲ့က ထုတ်ပြန်မယ့် ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးဆိုင်ရာ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ ကြိုးစားအားထုတ်မှုတွေကိုသာ ချီးကျူးထားပြီး တကယ့် အခြေအနေမှန်တွေကို ဖုံးကွယ်ထားတာကြောင့် အာဆီယံ အဖွဲ့ အနေနဲ့ ဒီကိစ္စ အပေါ် ချဉ်းကပ်တဲ့ နည်းလမ်းကို ပြန်စဉ်းစားသင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

Thursday, March 14, 2019

ကန်နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးအစီရင်ခံစာ ဘာတွေထောက်ပြလဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုရန်နိုင်၊14 မတ်၊ 2019







၂၀၁၇ ခုနှစ်အတွင်းက ရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သီးခြား လွတ်လပ်တဲ့စုံစမ်းမှုတွေအရ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေ ကို ပစ်မှတ်ထားပြီး လူမျိုးစုလိုက်ရှင်း လင်းဖယ်ရှားမှုတွေ လုပ်ခဲ့တဲ့ အထောက်အထားတွေ ထပ် ရရှိထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီနှစ် နှစ်ပတ်လည်လူ့အခွင့်အရေးအစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အစီရင်ခံစာဟာ မြန်မာအရပ် သားအစိုးရနဲ့ ကျူးလွန်သူလုံခြုံရေးအာဏာပိုင်တွေကို သီးခြားခွဲထုတ် ထားတဲ့သဘောတွေ့ရပြီး၊ Genocide ဆိုတဲ့ မျိုးတုံးသတ်ဖြတ်မှုစကားလုံးကိုတောင် သတိထား ရှောင်သုံးထားတာတွေ့ရတယ်လို့ မြန်မာ့လူ့အခွင့် အရေး ဦးဆောင်လှုပ်ရှားသူတဦးက ရှုမြင်ပါတယ်။ Equality Myanmar ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ညွန် ကြားရေးမှုး ဦးအောင်မျိုးမင်းကို ဗွီအိုအေ အဖွဲ့သား ကိုရန်နိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

Tuesday, March 12, 2019

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းမယ့် ICC အစီအစဉ် မြန်မာအစိုးရ ထပ်မံပယ်ချ

VOA
မဆုမွန်၊ 12 မတ်၊ 2019

Dhaka မှာ ကျင်းပတဲ့ International Criminal Court (ICC) သတင်းစာ ရှင်းလင်းပွဲ (မတ်၊ ၁၁၊ ၂၀၁၉)


ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကို စုံစမ်းဖော်ထုတ်ဖို့နိုင်ငံတကာ ရာဇဝတ် တရားခုံရုံး ICC က ကြိုးပမ်းမှုတွေကို မြန် မာအစိုးရက ထပ်မံ ပယ်ချလိုက်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာ အစိုးရအနေနဲ့ ICC ရဲ့ စုံစမ်းမှုတွေကို သဘောမတူဘူး ဆိုရင်တောင် နိုင်ငံတကာ အသိုင်းအ၀န်းက လက် ခံနို င်မယ့် အစီအစဉ်တွေ လိုအပ်လိမ့်မယ်လို့ ထောက်ပြနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

Monday, January 28, 2019

လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်ငြင်းဆို


 တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ် ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော် က ငြင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */