" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စစ်ခုံရုံး. Show all posts
Showing posts with label စစ်ခုံရုံး. Show all posts

Friday, September 4, 2020

ဂူတာပြင်ရွာသတ်ဖြတ်မှု စစ်ခုံရုံးစီရင်ချက် ထုတ်မပြောနိုင်‌ ကြောင်း တပ်မတော် ငြင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ သက်စုအောင်
2020-09-04


ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာက မွတ်စလင်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး၊ စစ်ခုံရုံးရဲ့ စီရင်မှုတွေကို အတိအကျ ထုတ်မပြောနိုင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

Saturday, February 22, 2020

မြန်မာစစ်တပ် စုံစမ်းစစ်ဆေးရေးခုံရုံးအပေါ် လူ့အခွင့်အရေး အဖွဲ့တွေ သံသယရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
22 ဖေဖော်ဝါရီ၊ 2020
အင်ကြင်းနိုင်
၂၀၁၃ မေလတုန်းက စစ်တွေမြို့အတွင်း တပ်မတော်သားများလုံခြုံရေးယူနေစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာ စစ် တပ်ခုံရုံးက စစ်ဆေးအရေးယူမယ့်ကိစ္စဟာ အနှစ်သာရကင်းမဲ့ပြီး ယုံကြည်လို့မရကြောင်း နိုင်ငံတကာ လူ့ အခွင့်အ ရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

Friday, February 21, 2020

မောင်နုရွာနဲ့ ချွတ်ပြင်ရွာ သတ်ဖြတ်မှု ICOE အစီရင်ခံစာ ဖော်ပြချက် တပ်မတော်ခုံရုံး စစ်ဆေးမယ်

VOA
21 ဖေဖော်ဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တုန်းက ရခိုင်ပြည်နယ် ပေါက်တော် ကျေးရွာတွင် တပ်မတော်သားများကို တွေ့ရစဉ်

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အစီရင် ခံစာထဲမှာ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့ မောင်နုရွာနဲ့ ချွတ်ပြင်ရွာသတ်ဖြတ် မှုတွေကိစ္စကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ စစ်ဆေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်က ပြောကြားလိုက်ပါတယ်။

Thursday, January 9, 2020

ဂူတာပြင် စစ်ခုံရုံးတရားခွင်နဲ့ ပွင့်လင်းမြင်သာမှု

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်တရားရုံးစီရင်ချက်ကိုစောင့်ကြည့်ဖို့ နိုင်ငံတကာတရားရုံး ICJ မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဂူတာပြင်အမှုနဲ့ ပတ်သတ် တဲ့ ထွက်ဆိုချက်က ဘာတွေလဲ၊ အရာရှိအဆင့် ဘယ်သူတွေပါပြီး၊ တပ်မတော်သား ဘယ်နှစ်ယောက် လဲ ဆိုတာ တရားရုံးချိန်း ငါးကြိမ် စစ်ပြီးတဲ့အထိ မသိရသေးပါ။

Link : Here

Tuesday, November 26, 2019

ဘူးသီးတောင် စစ်ခုံရုံးကြားနာမှု ပြည်သူတွေ လေ့လာနိုင်

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-26
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ဂူတာပြင်ရွာခံတွေနဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Information Committee

ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ် သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော်  ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီ ကနေ့စတင် လိုက် ပါတယ်။

ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ် တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
26 နိုဝဘာ 2019
  ဂူတာပြင်ဖြစ်စဉ်မှာ ပါဝင်တဲ့တပ်မတော်သားအချို့ကို စစ်တရားရုံးမှာစစ်ဆေးမှု ဒီကနေ့စမယ်

ဘူးသီး တောင်မြို့နယ် ဂူတာပြင် ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်တာကို ဒီကနေ့ နို ဝင်ဘာ ၂၆ရက်နေ့မှာ ဘူးသီးတောင်မြို့ နယ်မြေခံတပ်မှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

Monday, November 25, 2019

ရခိုင် ဂူတာပြင်အမှု စစ်ခုံရုံးတင် စတင်စစ်ဆေးမည်

VOA
 ဗွီအိုအေ (မြန်မာဌာန)
25 နိုဝင်ဘာ၊ 2019
ကိုမိုးဇော်
မြန်မာလုံခြုံရေးတပ်များ
 
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အနီးမှာ အစုလိုက်အပြုံလိုက် မြှုပ်ထား တဲ့ ရုပ်အလောင်းတွေတွေ့ရှိတာနဲ့ပတ်သက်ပြီး ကနဦးရရှိတဲ့ အထောက်အထားတွေအရ မနက်ဖြန်မှာ အ ကျဉ်း စစ်တရားရုံးချုပ်က ရုံးထိုင်စစ်ဆေးသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါ တယ်။

ဂူတာပြင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစွပ်စွဲချက်အတွက် သေဒဏ်အထိချမှတ်နိုင်သောပုဒ်မဖြင့် တပ်မတော်အရာရှိ များအား စစ်ဆေးမှုစတင်

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
25 NOV 2019
 ဗိုလ်မှူးချုပ်ဇော်မင်းထွန်း။ ဓာတ်ပုံ- အီးပီအေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ၌ မွတ်ဆလင်ဘာသာဝင်များ ရာနှင့်ချီ သတ် ဖြတ်ခံခဲ့ရကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ တပ်မတော်အရာရှိအချို့နှင့် အခြားအဆင့်တာဝန်ရှိ သူများအား သေဒဏ်အထိချ မှတ်နိုင်သော ပုဒ်မဖြင့် တပ်မတော်အကျဉ်းစစ် တရားရုံးက စစ်ဆေးမှုစတင် လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ နိုဝင်ဘာ ၂၅ ရက်က သတင်း ရရှိသည်။

Sunday, November 24, 2019

စစ်ခုံရုံးဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့ တပ်မတော် ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA )
သီဟထွန်း၊ သက်စုအောင်
2019-11-24
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - သက်စုအောင်/ RFA

ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးချိုး ဖောက်မှု တွေ နဲ့ပတ်သက်လို့ စစ်ခုံရုံးရဲ့ စစ်ဆေးအရေးယူမှုတွေကို ဆက်လက်စောင့်ကြည့်ဖို့ တပ်မတော်သတင်း မှန်ပြန်ကြား ရေးအဖွဲ့က ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */