" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label စင်္ကာပူ. Show all posts
Showing posts with label စင်္ကာပူ. Show all posts

Monday, October 30, 2023

စင်ကာပူ မလေးရှားဝန်ကြီးချုပ် တွေ့ဆုံ၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး တောင်းဆို

DVB
October 30, 2023

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၃၀ ရက်မှာ စင်ကာပူ ဝန်ကြီးချုပ်လီရှန် လွန်းနဲ့ တွေ့ချိန်မှာ အစ္စရေးကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခတွေ ပြင်းထန်လာနေချိန်တဲ့ အ ရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။

Saturday, July 13, 2019

စင်္ကာပူ ရခိုင် အသင်း ခေါင်းဆောင် အချို့ကို AA အဖွဲ့ နဲ့ ဆက်စပ်ပြီး ငွေတု ပြုလုပ်မှု နဲ့ ဖမ်းဆီးတာလို့ ရဲ ကပြော

B B C
ဘီဘီစီ ၿမန္မာပိုင္း
13-07-2019   
 ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင် အချို့ကို AA အဖွဲ့ နဲ့ ဆက်စပ်ပြီး ငွေတု ပြုလုပ်တာနဲ့ ပတ်သက်လို့ဖော်ထုတ်ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲ့ ကထုတ်ပြောပါတယ် ။

ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ အမြန်လမ်းရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ သတင်းမှာ အခုလိုဖော်ပြတာ ဖြစ်ပါတယ်။

"စင်င်္ကာပူမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရခိုင်(စင်္ကာ ပူ) အသင်းမှ လူများကို ဖမ်းဆီး"

Tomorrow News Journal
Friday, July 12, 2019

 
စင်္ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်သော ရခိုင်(စင်္ကာပူ)အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်သည် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် (၂း၃၀)နာရီတွင် မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်အမှတ် UB 004 ဖြင့် စင်္ကာပူချန် ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ သတင်းတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

စင်္ကာပူမှ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦး နေပြည်တော် တွင် ဖမ်းဆီးခံထားရကြောင်း မိသားစုများပြော

နိရဉ္စရာ
ဇူလိူင် ၁၂/ ၂ဝ၁၉
စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးခံရပြီး ဇူလိူင်လ ၁ဝ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ ကိုတင်လိူင်ဦးကို နေပြည်တော်တွင် ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရရှိကြောင်း မိသားစုများက ပြောသည်။

Friday, July 12, 2019

AA ကို ကူညီထောက်ခံနေသည့် မြန်မာနိုင်ငံသားများ ကို အရေးယူနေဟု စင်ကာပူပြည်ထဲရေးထုတ်ပြန်

ငြိမ်းချမ်း ၊ကျော်သူမောင်ရန်ကုန်
Issue No. 2177, Friday, July 12, 2019

စင်ကာပူနိုင်ငံတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)ကို ကူညီထောက်ခံနေသော မြန်မာနိုင်ငံ သားအုပ်စု တစ်စု ကို အရေးယူ ဆောင်ရွက်နေပြီး လူဝင်မှုဆိုင်ရာ အခွင့်အရေးများကို ပယ်ချ၍ နှင်ထုတ်မည်ဟု စင်ကာပူပြည် ထဲရေးဌာန (MHA) က ထုတ်ပြန်သည်။

Thursday, July 11, 2019

စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရ ဖြေဖို့ ငြင်းဆို

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-07-11

                                     

စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြား လိုက်ပါတယ်။

Wednesday, July 10, 2019

စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ AA နဲ့ ပတ်သက်သူ ခြောက်ဦးကို ပြည်နှင်ဒဏ်ပေးမည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
 ၂ဝ၁၉ ဧပြီလ ၈ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁ဝ ကြိမ်မြောက် ရခိုင့်တပ်တော် AA ဂုဏ်ပြုပွဲ အခမ်းအနား။Photo: Arakan Thu/FB
 
AA ရခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ - ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်-စင်္ကာပူအသင်းက ၆ ယောက်ကို စင်္ကာပူ အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့တွေကို စင်္ကာပူနိုင်ငံကနေ ပြည်နှင်ဒဏ် ပေးသွားမှာ ဖြစ်တယ်လို့ စင်္ကာပူ ပြည်ထဲရေးဌာနက ဇူလိုင်လ ၁ဝ ရက် ရက်စွဲနဲ့ ကြေညာ ချက် တစ်စောင် ထုတ်ပြန်ပါတယ်။

AA စစ်ဦးစီးချုပ်ရဲ့ညီဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်း သားခြောက်ဦး စင်္ကာပူမှာဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-10
ရခိုင်အသင်း(စင်္ကာပူ) အမှတ်တံဆိပ်ကို တွေ့ရစဉ်၊ဓါတ်ပုံ - ရခိုင်အသင်း(စင်္ကာပူ)

                                    

AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ဖမ်း ဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။

ရခိုင်အသင်းခေါင်းဆောင်များ ဖမ်းဆီးခံရမှု စင်ကာပူ အာဏာပိုင် အတည်ပြု

ဧရာဝတီ
နန်းလွင်နှင်းပွင့်
10 July 2019
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဆွေမျိုးတော်စပ်သူဟု ဆိုသည့် ကိုအောင်မြတ်ကျော် / Aung Myat Kyaw
 
စင်ကာပူ အခြေစိုက် ရခိုင်အသင်း ခေါင်းဆောင်များနှင့် အဖွဲ့ဝင် စုစုပေါင်း ၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေကြောင်း စင်ကာပူ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များ ရှောင်တခင် ဖမ်းဆီးခံရ

DMG
နေရောင်မင်း | DMG
ဇူလိုင် ၁၀၊ စစ်တွေ
ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ်၏ ညီတော်စပ်သူ)အား တွေ့ရစဉ်။ (Photo - Aung Mrat Kyaw Facebook)

ဇူလိုင်လ ၉ ရက်၊ နံနက်ပိုင်းက စင်္ကာပူနိုင်ငံရှိ ရခိုင်အသင်း(စင်္ကာပူ) Arakan Association (Singapore) ၏ ခေါင်းဆောင်များ သူတို့၏နေအိမ်အသီးသီးတွင် ဖမ်းဆီးခံရသည်။

Thursday, February 14, 2019

ရိုဟင်ဂျာနိုင်ငံသားရရှိခွင့် အာဆီယံဝင်မစွက်သင့် - စင်ကာပူနိုင်ငံခြားရေးဝန်ကြီး

VOA
သားညွန့်ဦး
14 ဖေဖော်ဝါရီ၊ 2019, 

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံသားဖြစ်ရေးအခွင့်အရေးဟာ မြန်မာနိုင်ငံကဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီး၊ အခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာမျိုး မသင့်ဘူးလို့ စင်ကာပူနိုင်ငံ ခြား ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးရမှာမို့၊ အာဆီယံအနေနဲ့ ဒီလုပ်ငန်းစဉ်ဖြစ်လာဖို့ ဘေးက အကူ အညီပေး နိုင်တဲ့အဆင့်မှာပဲရှိမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူပါလီမန်မှာ ပြောသွားပါတယ်။ ကိုသားညွန့်ဦးက ဒီအ ကြောင်း တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်အရေး အာဆီယံကူညီဖို့အသင့်ဟု စင်္ကာပူပြော

RFA
2019-02-13

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan
(Photo: US State Department)

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို မြန်မာဘက်က ပြန်လက်ခံမယ့်ကိစ္စမှာ အာဆီယံအဖွဲ့က ကူညီဖို့ အဆင်သင့်ရှိပေမယ့် ဒုက္ခသည်တွေ ပြန်လာဖို့ရက်ကိုတော့ အာဆီယံအနေနဲ့ အတိအကျ သတ်မှတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */