Showing posts with label ကန့်သတ်. Show all posts
Showing posts with label ကန့်သတ်. Show all posts

Thursday, September 7, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက ကန့်သတ်

Myanmar Now
အောင်နိုင်
September 7, 2023

မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခု၏ အပ်ငွေများကို ဘင်္ဂလားဒေ့ရှ်ရှိ Sonali ဘဏ်က ထုတ်ယူခွင့် ပိတ်ပင်ခဲ့ သည်ကို တန်ပြန်သည့်အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီနှင့် ရေချို ရေငန်ငါးမျိုးစုံကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့နယ်မှတစ်ဆင့် တင်ပို့ခွင့်ကို စစ်ကောင်စီက ပိတ်ပင် လိုက်သည်။

Friday, November 26, 2021

ဘူးသီးတောင်မှ ရိုဟင်ဂျာများ ခရီးသွားခွင့် ပိုမိုကန့်သတ်ခံ လာရ

Myanmar Now
မျိုးထွန်း
Nov 26, 2021
၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရသော ဘူးသီးတောင်မြို့နယ်အတွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - EPA)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာများ လဝကရုံးထံမှ ခွင့်ပြုချက်လက်မှတ်ရမှ ခရီးသွားနိုင်မည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသည်။
                                                                         

Monday, April 15, 2019

ရခိုင် ကူညီကယ်ဆယ်ရေးများ ကန့်သတ်ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်၊ 14 ဧပြီ၊ 2019

 ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway
 
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း ဒုက္ခသည် ထောင်ချီခိုလှုံနေကြရတဲ့ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက် ရမှ သယ်ယူပို့ဆောင်ခွင့်ပြုတဲ့အတွက် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့နိုင်ရေး အခက်ကြုံ နေကြရပါတယ်။ အခုလတ်တလောမှာကို စစ်ပြေးစစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဦးရေက သုံး သောင်းကျော်အထိ ပိုတိုးလာနေပြီး အရေးပေါ် သောက်သုံးရေနဲ့ စားနပ် ရိက္ခာပြတ်လပ်မှုတွေကြုံနေကြရပါ တယ်။ စစ်ပြေးစစ်ရှောင်စခန်းတွေဆီ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့နိုင်ရေး ဘယ်လိုဆောင်ရွက် နေရပါသလဲဆိုတာကို ကိုယ် တိုင် ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းကို မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */