" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်. Show all posts
Showing posts with label မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်. Show all posts

Friday, January 20, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်စခန်း ထပ်မံမီးရှို့ ခံရပြီး ရိုဟင်ဂျာ ၅၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

DVB 
20 January, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်နယ်ခြားမှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ အကြား Zero Line အနီး ဒုက္ခသည်စခန်းရှိ နေအိမ်တွေ ဇန်နဝါရီ ၂၀ ရက် ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ ထပ်မံမီးရှို့ခံရလို့ ရိုဟင်ဂျာ ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။

မျက်မြင်ရိုဟင်ဂျာဒုက္ခသည်တဦးက "ဒီနေနေ့လယ်ပိုင်းမှာ Zero Line မှာကျန်နေတဲ့ နေအိမ်တွေအားလုံး မီး လောင်နေတာကို ကျနော်တို့မြင်နေရတယ်ဗျ။ Zero Line မှာ နေထိုင်တဲ့ ဒုက္ခသည် ၅၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတယ်။ လက်ရှိမှာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တောင်ပြို စာသင်ကျောင်းတစ်ခုအနီးမှာ ကိုယ်ဟာကိုယ် တဲထိုးပြီးနေထိုင်ဖို့ ဒုက္ခရောက်စွာကြိုးစားနေကြတာတွေ့ရတယ်။"လို့ပြောပါတယ်။

Thursday, January 19, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာ ၂ ဖွဲ့တိုက်ပွဲဖြစ်၊ Zero Line စခန်းမီးရှို့ခံရပြီး ဒုက္ခသည်များ ထွက်ပြေး

DVB
၁၈ ဇန္နဝါရီ ၂၀၂၃

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားပြီး Zero Line အနီးရှိဒုက္ခသည်စခန်းမီးရှို့ခံရကာ ဒုက္ခသည် ၅၀၀ လောက်နဲ့ ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားကြတယ်လို့ နယ်စပ် ဒုက္ခသည်အသိုင်းအဝိုင်းက သိရပါတယ်။

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့တွေကို ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)နဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးတပ်ဖွဲ့(RAB)တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ရာက တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တာလို့ နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တွေက ပြောပါတယ်။

Wednesday, January 18, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာ အဖွဲ့တွေ တိုက်ပွဲ ဖြစ်၊ ဒုက္ခသည်စခန်း မီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃

ညနေပိုင်းမှာ မီးရှို့ခံရတဲ့ ဒုက္ခသည်စခန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲအနီးမှာရှိတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ် ခြား မျဥ်းက မွတ်ဆလင်ဒုက္ခသည်စခန်း အနီးမှာ ARSA (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ ဒီကနေ့မနက်ပိုင်းက တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ ပစ်ခတ်မှု တွေကို ကြားသိရသူတွေက ပြောပါတယ်။

အဒီစခန်းအတွင်းမှာ ARSA တပ်ဖွဲ့တွေခိုလှုံနေကြတာကြောင့် အဲဒီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အထူးတပ် RAB ၊ RSO နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ် တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကခြမ်းက လူတွေက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းမီးရှို့ခံရ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.18


အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) လက် နက် ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မျဉ်းအနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု ဇန်နဝါရီလ ၁၈ ရက်နေ့ညနေပိုင်းက မီးရှို့ခံခဲ့တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */