Showing posts with label ရွှေးကောက်ပွဲ. Show all posts
Showing posts with label ရွှေးကောက်ပွဲ. Show all posts

Sunday, March 7, 2021

မြန်မာနိုင်ငံ သမိုင်းကြောင်း၊ အာဏာသိမ်းပွဲများနှင့် ရွေးကောက်ပွဲများ (၁)

လက်ရှိမြန်မာနိုင်ငံကို ပုံဖော်လိုက်သော ရှုပ်ထွေးပွေလီမှုများနှင့် ပြည့်နှက်နေသည့် သမိုင်းအကျဉ်း(ပထမပိုင်း) 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

၁၉၄၈


မြန်မာနိုင်ငံ လွတ်လပ်ရေး


မြန်မာနိုင်ငံသည် ဗြိတိသျှအုပ်ချုပ်ရေးကို တရားဝင် ရပ်ဆိုင်းလိုက်သည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ-AFPFL) က အာဏာရပါတီအဖြစ် ပေါ်ထွက်လာသော်လည်း လွတ် လပ်ရေးကြိုးပမ်းသူ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာ လုပ်ကြံခံရပြီး တိုင်းပြည်မှာ နိုင်ငံရေး အရှုပ်အထွေး၊ ပြည်တွင်းစစ်တို့ဖြင့် အကျပ်ဆိုက်နေခဲ့ရသည်။ ဖွံ့ဖြိုးကာစ ဒီမိုကရေစီစနစ်ကို ဦးဆောင်ကျင့်သုံးနေရသူ ဝန်ကြီး  ချုပ်သစ် ဦးနုမှာ သူ့လုပ်ငန်းစဉ်အချို့ကို အကောင်အထည်မဖော်နိုင်ခဲ့ချေ။

Saturday, November 14, 2020

ရွေးကောက်ပွဲ အောင်မြင်ခြင်းနှင့် NLD အနိုင်ရသည့်အ ပေါ် ပြည်ပနိုင်ငံအကြီးအကဲများနှင့် သံတမန်များက ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြော

မဇ္ဈိမ 
14 November 2020 

ဓာတ်ပုံ - သက်ကို/မဇ္ဈိမ

အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အနိုင်ရသည့်အပေါ် ပြည်ပနိုင်ငံအကြီးအကဲများနှင့် သံရုံးများက ဝမ်းမြောက်ကြောင်းနှင့် ဂုဏ်ယူကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

Sunday, September 13, 2020

ရိုဟင်ဂျာများအား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးရန် မြန်မာနိုင်ငံအား UNSC အဖွဲ့ဝင်နိုင်ငံများက တိုက်တွန်း

AIR WORLD SERVICE
September 13, 2020
သတင်းအသစ်


လာမည့်နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအား ပါဝင်ခွင့်ပြု ရန် မြန်မာနိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အဖွဲ့ဝင် ၈ နိုင်ငံက တိုက်တွန်းပြောကြား လိုက်သည်။ အားလုံးပါဝင်နိုင်ပြီး သန့်ရှင်းသည့် ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများအပါအဝင် လူမှုအသိုင်း အဝိုင်း အားလုံး လုံခြုံ မှု၊ အပြည့်အဝရှိမှုနှင့် တန်းတူညီမျှမှုတို့နှင့်အတူ ပါဝင်သွားနိုင်ရန် ဘယ်လ်ဂျီယမ်၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ အက်စ်တိုနီးယား၊ ပြင်သစ်၊ ဂျာမဏီ၊ တူနီးရှား၊ ဗြိတိန်နှင့် အမေရိကန်တို့မှ သော ကြာနေ့၌ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

Friday, August 28, 2020

၂၀၂၀ ရွေးကောက်ပွဲနဲ့ ရိုဟင်ဂျာ အနာဂတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး
2020-08-28

 

၂၀၂၀ ရွေးကောက်ပွဲအလွန် ရိုဟင်ဂျာတွေရဲ့အနာဂတ်ကို လွှတ်တော်ထဲ ပြောဆိုဆွေးနွေးမယ့်သူမျိုးကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေက မျှော်လင့်ကြနေပါတယ်။ မြန်မာ့နိုင်ငံရေးကနေ ဖယ်ကျဉ်ခံထားရတဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေက နိုဝင်ဘာရွေးကောက်ပွဲကို ဘယ်လိုရှုမြင်ကြသလဲ၊ ဘာတွေမျှော်လင့်နေကြသလဲ၊ သူတို့အတွက် မရေရာတဲ့ မဲပေးခွင့် စတဲ့အကြောင်းအရာတွေကို တင်ဆက်ထားပါတယ်။

RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။
 

Link : Here

Sunday, August 16, 2020

မောင်တောခရိုင်က မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရ

B B C
ဘီဘီစီ မြန်မာပိုင်း
2020-08-16
  ကိုယ်စားလှယ်လောင်း ငါးဦးဟာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ ငြိစွန်း နေတယ်လို့ ကော်မရှင် ပြောပါတယ်

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ် စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ မွတ်ဆလင်ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာ ခရိုင်ရွေး ကောက်ပွဲကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။

Friday, July 31, 2020

ရခိုင်က ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖြစ် မဖြစ် တပ်သဘောထားအပေါ်မူတည်ပြီး UEC ဆုံးဖြတ် မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
31 ဇူလိုင်၊ 2020
မြန်မာနိုင်ငံမှာတော့ စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် တပ်မတော်က လုံခြုံမူ မရှိဘူးကြေညာလာရင်တော့၊ ဒေသတချို့မှာ နောက်ရွှေ့ကောင်းရွှေ့ရလိမ့်မယ်လို့၊ ရွေးကောက်ပွဲ ကော်မ ရှင် ဥက္ကဌက ပြောလိုက်ပါတယ်။

Saturday, June 27, 2020

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် စီစဉ်နေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သန့်ဇင်ဦး၊ ဖြူဖြူခိုင်
2020-06-27
 ရန်ကုန်မြို့မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို ၂ဝ၂ဝ ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/RFA
 
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ နယ်တွေမှာပါ ရွေးကောက်ပွဲကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။

Thursday, January 16, 2020

ရခိုင်မြောက်ပိုင်း ရွေးကောက်ပွဲတွေ ထိခိုက်မှာစိုးရိမ်

VOA
 ဗွီအိုအေ (မြန်မာဌာန)
သက်နိုင်
16 ဇန္နဝါရီ၊ 2020  
 အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေ စိုးရိမ်နေကြပါ တယ်။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် အခက်အခဲ များစွာရှိနေ တာပါ။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က မေးမြန်း သတင်းပေးပို့ ထားပါတယ်။

Tuesday, January 14, 2020

ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များ လျှင် စစ်တပ်လွှမ်းမိုးသော လွှတ်တော်ဖြစ်နိုင်ဟုဆို

TheVoiceWeekly Journal
  14-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ဇော်မိုးလွင်

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် နယ်မြေများလာပါက စစ်တပ်လွှမ်းမိုးသော ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်ဖြစ်လာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီမှ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မ တီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က သုံးသပ်ပြောကြားသည်။

Sunday, November 10, 2019

တိုက်ပွဲဖြစ်ပွားနေသည့်ရခိုင်မြောက်ပိုင်း၌ ရွေးကောက်ပွဲ ကျင်းပရန်ရည်ရွယ်ထား

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
10 Nov 2019  
 ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ် မတော်နှင့် AA အဖွဲ့တို့တိုက်ပွဲဖြစ်ပွား သည့်ဒေသများအတွင်း ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကျင်းပရန်ရည်ရွယ် ထားပြီး မဲစာရင်းပြုစုထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက် ပွဲကော် မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */