Showing posts with label မြန်မာ-ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label မြန်မာ-ဘင်္ဂလားဒေ့ရှ်. Show all posts

Thursday, February 20, 2025

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ AA နဲ့ ARSA တိုက်ပွဲဖြစ်

RFA
RFA Burmese
2025.02.20 

အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ်၊ ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook Photo 

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

AA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မီးတိုက်ရွာရဲ့ အရှေ့မြောက်ဘက် တောင်တန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ မောင်တောဒေသခံ တစ်ဦးက ပြောပါတယ်။

Wednesday, January 18, 2023

ARSA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်ခြားမျဥ်းက ဒုက္ခသည် စခန်းမီးရှို့ခံရ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်း မီးလောင်

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအနီးမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ ညနေ ၄ နာရီ ၄၀ ခန့်ကစလို့ မီးလောင်မှုဖြစ်ပွားနေပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ မြန်မာဘက်ခြံစည်းရိုးအနီးကပ်လျှက် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဘက်မှာတည်ရှိပြီး ဘင်ဒရာ ဘင်ခရိုင်၊ ခေါင်းတုံးကျေးရွာအုပ်စု တောင်ပြိုလက်ယာအနီးက စခန်းတစ်ခုလည်းဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ARSA နဲ့ RSO တိုက်ပွဲဖြစ်ပွား

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ဇန်နဝါရီ ၂၀၂၃

 

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ ဇန်နဝါရီ ၁၈ ရက် ဒီကနေ့မနက်ပိုင်းကစလို့ ARSA နဲ့ RSO တို့ နှစ်ဘက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြပါတယ်။ နေ့လယ်ပိုင်းအထိ နှစ်ဘက် တင်းမာမှုတွေရှိနေကြသလို တိုက်ပွဲစဖြစ်ချိန်မှာ အာဆာအဖွဲ့ခေါင်းဆောင် အာတာအုလ္လာဟာ မြန်မာဘက်ကိုထွက်ပြေးသွားတယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီဘက်က သတင်းအပြည့် အစုံကို ကိုဇေယျာထွန်းက ပြောပြမှာပါ။

Link : Here

Wednesday, June 15, 2022

ရိုဟင်ဂျာတွေ နေရပ်ပို့ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အတွင်းဝန်အဆင့် အွန်လိုင်းက ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၅ ဇွန်၊ ၂၀၂၂
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပ ဉ္စမအကြိမ်အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပစဉ်။ (၁၄-၆-၂၀၂၂ ရက်၊ နေပြည်တော်)

ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစည်းအဝေးကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြီးတန်းအရာရှိတွေ အင်္ဂါနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပါတယ်။ အတွင်းဝန်တွေဖြစ်ကြတဲ့ ဦး ချမ်းအေးနဲ့ မစ္စတာ မာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ပြောပါတယ်။

Saturday, October 10, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် တပ်ဖြန့်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-10-09
ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

မြန်မာ့တပ်မတော်က စစ်သည်အင်အား ၂၅၀၀ ကျော်ကို မောင်တောနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့အကြောင်း ဘင်္ဂလာသတင်းစာတွေက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖော်ပြခဲ့ကြပါတယ်။ တစ်ပတ်ကျော်အကြာမှာ ဘင်္ဂ လားဒေ့ရှ်ကလည်း တန်ပြန် တပ်ဖြန့်ချထားပါတယ်။ မြန်မာက ကြိုတင်အသိမပေးဘဲ တပ်ဖြန့်ချတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌအထိ တိုင်ကြားထားပါတယ်။

Wednesday, May 27, 2020

မြန်မာနဲ့ဒေသတွင်းနိုင်ငံတချို့ အင်တာနက်တွေပြန်ဖွင့်ပေး ရေး WHO ကြားဝင်ဆောင်ရွက်ပေးဖို့ HRW တောင်းဆို

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
27 မေ၊ 2020  
ရခိုင်ပြည်နယ်အတွင်းက အင်တာနက်ကို ဖုန်းမှ သုံးနေသူများ
 
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါခံစားနေရချိန်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန် ၄ နိုင်ငံအစိုးရတွေ ရဲ့ သူတို့နိုင်ငံတွင်း အင်တာနက် ဖြတ်တောက်မှုတွေ ပြန်ဖွင့်ပေးရေး အတွက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြားဝင်ဆောင်ရွက်ပေးဖို့ အမေရိကန်အခြေစိုက် HRW လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးနဲ့ လူ့အ ခွင့်ရေးဆိုင်ရာ အဖွဲ့အစည်း ၄၇ ခုတို့က မေလ ၂၆ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Saturday, April 18, 2020

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ် ရေး အပြင်းအထန် လုပ်ဆောင်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2020
မဆုမွန်
 ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ COVID-19 ကာကွယ်ရေး အပြင်းအထန် လုပ်ဆောင်နေ18 ဧပြီ၊ 2020
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ COVID-19 ရောဂါ ကာကွယ်ရေး လုပ် ဆောင်ထားတာတွေနဲ့ ပတ်သက်ပြီး မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

Thursday, April 16, 2020

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်၌ ဆက်သွယ်ရေးနှင့် မိုဘိုင်းအင် တာနက် အပြည့်အဝရရှိရေး ထောက်ပံ့ရေးအဖွဲ့အစည်း၂၆ ဖွဲ့ တောင်းဆို

မဇ္ဈိမ
ဧပြီ ၁၆

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးအေဂျင်စီ ၂၆ ဖွဲ့သည် ဒုက္ခသည်များ၊ နေရပ်စွန့်ခွါထွက်ပြေးသူများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက် များ ရရှိစေရန်နှင့် ကူညီထောက်ပံ့မှုများလုပ်ဆောင်နိုင်ရန်အတွက် ကော့စ်ဘဇား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မိုဘိုင်းအင်တာနက်နှင့် ဆယ်သွယ်ရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေး ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အား ဒီကနေ့ တိုက်တွန်းလိုက်သည်။

Monday, April 13, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် လူ ဝင်-ထွက်ခွင့် ရပ်ဆိုင်းထားသည်

နိုင်ငံတော်အတိုင်ပင်ခံရုံး
နေပြည်တော်
2020.04.13
COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ် တားဆီးရေး အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ် စပ်ဂိတ်များမှ တစ်ဆင့် လူဝင် - ထွက်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် နိုင် ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော်သတင်းထောက် များဂရုပ်တွင် ဧပြီ လ၁၃ရက်နေ့ညနေပိုငိးတွင်ပြောကြားခဲသည်

Wednesday, February 19, 2020

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မိုင်တိုင် ၃၉နှင့် ၄ဝ အကြား တပ်မတော်နှင့် အာဆာတို့ တိုက်ပွဲဖြစ်ပွားခဲ့ဟုဆို

နိရဉ္စရာ 
သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်နေရာတွင် တပ်မေ တာ်နှင့် ARSA အဖွဲ့တိုက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Wednesday, January 8, 2020

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲ အနှစ်ချုပ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-08
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ မတူကွဲပြားချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။

RFA ဝိုင်းတော်သား ဦးသစ်ဆင်းက တင်ပြထားပါတယ်။
  
Link : Here

နယ်စပ်လုံခြုံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အရာရှိများ ဒါကာ တွင် ဆွေးနွေး

ဧရာဝတီ 
By Muktadir Rashid
8 January 2020

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများကြားမှ နယ်စပ်လုံခြုံ ရေး ဆိုင်ရာ အစည်းအဝေးတခုကို ဒါကာတွင် ကျင်းပခဲ့ပြီး ၂ နိုင်ငံမှ တာဝန်ရှိသူများက နယ်စပ်ပေါ်ရှိ လက် နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ရိုဟင်ဂျာများနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုများ ဖြေရှင်းရေးအ တွက် နည်းလမ်းများရှာဖွေရန် ကတိပြုခဲ့ကြသည်။

Wednesday, November 6, 2019

မြန်မာအစိုးရဖွဲ့တဲ့ စုံစမ်းရေးကော်မရှင် ဘင်္ဂလားဒေ့ရှ် သွား မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
စုစု
06 နိုဝင်ဘာ၊ 2019
မြန်မာအစိုးရက ဖွဲ့ထားတဲ့ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) အဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားတွေ စုံစမ်းစစ်ဆေးနိုင်ရေး ဘင်္ဂ လားဒေ့ရှ်ကို သွားဖို့ ပြင်ဆင်နေပါတယ်။ ICOE အဖွဲ့ဟာ စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဘင်္ဂလား ဒေ့ရှ်အစိုးရရဲ့ ခွင့်ပြုချက်ကိုစောင့်နေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်း ပေးပို့ထားပါတယ်။

Sunday, July 7, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းက လုံခြုံရေးစခန်း တိုက်ခိုက်ခံရ စစ်သည် နှစ်ဦးကျဆုံး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-07
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP
 
 မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ လုံခြုံရေးကင်းစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ ဇူလိုင် လ ၆ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြန်မာဘက်က စစ်သည် နှစ်ဦးကျဆုံးပြီး တပ်မတော်သား အချို့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */