ဆုမွန်
၂၉ ဧပြီ၊ ၂၀၂၄

သဘာဝဘေးအန္တရာယ်နဲ့ မိုးများရေကြီးပြီး ပင်လယ်ရေလွှမ်းမိုးနိုင်ခြေ အသက်အန္တရာယ်များတဲ့ ဘာဆန်ချာကျွန်းမှာ ရွှေ့ပြောင်းနေရာချခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေရှိပေမဲ့ ကော့ဇ်ဘဇားနဲ့ ဘင်္ဂလားဒေ့ရှ်ဘက် ခရီးသွားခွင့် အသွားအလာကန့်သတ်မှုတွေနဲ့ ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ခံထားရသလို ပုံမှန်ဝင်ငွေရနိုင်တဲ့အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့အခြေအတွေနဲ့ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေကပြောပါတယ်။ ဘာဆန်ချာကျွန်းပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဂျပန်အပါအဝင် နိုင်ငံတကာအလှူရှင်တွေဘက်က အလုပ်အကိုင်ဖန်တီးပေးတာအပါအဝင် ကူညီဆောင်ရွက်ပေးသင့်တာတွေနဲ့ပတ်သက်လို့ Hope for Rohingya ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။