ဘီဘီစီ မြန်မာပိုင်း
2020-01-06
WFP က လစဉ် ပုံမှန်ဝေတဲ့ ရိက္ခာတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက အားထားနေရတာပါ။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို WFP က စားနပ်ရိက္ခာတွေမပေး တော့ဘဲ ပိုက်ဆံပဲ ထောက်ပံ့လိုက်တဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲနဲ့ကြုံ နေရတယ်လို့ သိရပါ တယ်။ဆန် ဈေးနဲ့ ကုန်ဈေးနှုန်းတွေမြင့်တက်လာလို့ ထောက်ပံ့တဲ့ပိုက်ဆံနဲ့ ရိက္ခာကို လုံလုံလောက်လောက် ဝယ်လို့ မရသလို စခန်းအပြင်ထွက်ပြီး ဝယ်ယူရာမှာလည်း အခက်အခဲတွေ အကန့်အသတ်တွေကြုံနေရတယ်လို့ အဲ ဒီစခန်းက ဒုက္ခသည်တွေက ပြောပါတယ်။