Monday, January 6, 2025
လွတ်ရက်စေ့ ရိုဟင်ဂျာများကို ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထား
Thursday, December 19, 2024
စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

Monday, December 2, 2024
Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း
ဒီဇင်ဘာလ ၂ ရက် ၂၀၂၄။
"မင်းအောင်လှိုင်က ကမ္ဘာ့ချဉ်ဖတ်။ ဝရမ်းပြေး ဘဝနဲ့တော့ နိုင်ငံကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒီ ဝရမ်းပြေးဘဝနဲ့ နိုင်ငံတွင်းမှာ နေလို့ရတယ်။ အာဏာကို ဆက်ပြီး ကိုင်ထားဖို့ တော်တော်လေးကို ခဲယဉ်းတယ်"
ရခိုင်ပြည်မှ ရိုဟင်ဂျာတွေနဲ့ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတာကြောင့် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က ICC တရား ရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ လျှောက်ထားလိုက်ပါတယ်။ အဲဒီလို ICC က ဖမ်း၀ရမ်းထုတ်မယ့် အာရှမှစစ်ခေါင်းဆောင် တစ်ဦးဖြစ်လာမယ့် မင်းအောင်လှိုင်အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်၍ Free Rohingya Coalition ရဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။
Sunday, December 1, 2024
Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်နှင့်တွေ့ဆုံခြင်း
ရန်ကုန်ခေတ်သစ်
၀၁ ဒီဇင်ဘာလ ၂၀၂၄
"စစ်ကောင်စီက ICC ကို အသိအမှတ်မပြုဘူးလို့ ဆိုထားတော့ ဖမ်း၀ရမ်းက ၁ လ၊ ၂ လအတွင်း ထွက်လာနိုင်တယ်။ ဖမ်း၀ရမ်းထွက်လာရင် အာဏာကို ဆက်ကိုင်ထားဖို့ လည်းခက်မှာပဲ။ အမှု မရင်ဆိုင်ဘူးဆိုရင် တစ်သက်လုံး ၀ရမ်းပြေးဘ၀ဖြစ်မှာပေါ့။ ဖမ်း၀ရမ်းထွက်လာရင်တော့ ဘယ်နိုင်ငံမှ မသွားရဲတော့ဘဲအခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမယ်။ ၀ရမ်းပြေးကို ခေါင်း ဆောင်အဖြစ် ဆက်ထားဖို့လည်းခက်မှာပဲ"
Wednesday, November 27, 2024
မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ် လျှောက်ထား၊ ဖမ်းဝရမ်းထွက်လာလျှင် မင်း အောင်လှိုင် နိုင်ငံတကာတရားခံပြေးဖြစ်လာမည်
by Shine Bu Chay
Nov 27, 2024
ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ( ICC )၏ရှေ့နေချုပ်က ICCသို့ ယနေ့ (နိုဝင်ဘာ ၂၇ရက်) လျှောက်ထားခဲ့ကြောင်း သိရသည်။
Sunday, August 11, 2024
AA စုံစမ်းစစ်ဆေးမယ့် ရိုဟင်ဂျာ သေဆုံးမှု နောက်ကွယ် - ရိုနေဆန်းလွင်နဲ့ မေးမြန်းခန်း
Thet Htwe Naing -
ရခိုင်ပြည်မြောက်ပိုင်း မောင်တော ဒေသ တိုက်ပွဲတွေ ပြင်းထန် နေလို့ မကြာသေးခင်က နတ်မြစ်မှာ ဘင်ဂလားဒေ့ရှ်ဘက်ကူးဖို့ ရိုဟင်ဂျာ ၂၀၀ လောက် ဒရုန်းဗုံး ထိလို့ သေတယ် ဆိုတဲ့ သတင်းတွေ အပေါ် အာရက္ခ တပ်တော် AA သူတို့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆို ထား ပါတယ်...
ဒီဖြစ်ရပ်အပေါ် စုံစမ်း စစ်ဆေးမှုတွ လုပ်မယ်လို့လည်း AA က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ အရေးဆောင်ရွက်သူ ရိုနေဆန်းလွင်ကို မေးမြန်းတင်ဆက်ထားပါတယ်။
Wednesday, July 3, 2024
■ အာရက္ခဒေသမှာ လူမျိုးရေးပဋိပက္ခ ပြန်ဖြစ်/မဖြစ်
2024 02' July
ခိုင်ရိုးလ ရေးသည်။
လူမျိုးတုံးသတ်ဖြတ်မှုကြောင့် အရေးယူရမည့်လူစာရင်းထဲ ဒေါ်စုနှင့် ဦးထင်ကျော် ပါဝင်မှုအပေါ် အမြင်များ (VOX POP)
DMG
02.07.2024
ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို အရေးယူပေးရန်မြန်မာရိုဟင်ဂျာအသင်း -ယူကေ (BROUK)က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဂျင်တီးနားတရားရုံးထံ တင်ပြခဲ့သည်။ အာ ဂျင်တီးနားအစိုးရရှေ့နေက စစ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ရန် တရားရုံးထံ ယခုနှစ် ဇွန်လ ၂၈ ရက်က တင်သွင်းခဲ့သည့်လျှောက်လွှာထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော် တို့၏ အမည်များလည်း ပါဝင်လာခဲ့သည်။
Thursday, June 20, 2024
"ပြည်တွင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးပြောရရင် လက်တွေ့ကျတဲ့ ဖြေရှင်းမှုက နဂိုမူလနေရာကိုပြန်ခွင့်ပေးဖို့နဲ့ ဘဝကို တည်ဆောက်ခွင့်ပေးဖို့ဖြစ်တယ်"
ဒီကနေ့ ဇွန် ၂၀ ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခံခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၁ သန်းနီးပါးအခြေအနေနဲ့ လတ်တလောရခိုင်ပြည်အတွင်းက တိုက်ပွဲတွေကြောင့် ထပ်တိုးလာတဲ့ ဒုက္ခ သည်အခြေအနေတွေကို ရိုဟင်ဂျာလွတ်မြောက်ရေးညွှန့်ပေါင်းအဖွဲ့၊ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ရိုနေဆန်းလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
Sunday, May 19, 2024
ဘူးသီးတောင်မှာ ဘာဖြစ်ခဲ့လဲ - (မေ ၁၇/၁၈) ရိုဟင်ဂျာအရေး ဆောင်ရွက်သူ ရိုနေဆန်းလွင် နဲ့ မေးမြန်းခန်း
-
Thet Htwe Naing - Freelance Journalist
Saturday, May 18, 2024
AA ရှို့သည့်မီးကြောင့် ဘူးသီးတောင်တွင် နေအိမ်ပေါင်း ၈,၀၀၀ ခန့် ဆုံးရှုံးဟု ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများပြော
ဂျူချန်း
May 18, 2024
မဇ္ဈိမ။ ။ အာရက္ခတပ်တော် (AA)က ရှို့သည့်မီးကြောင့် ဘူးသီးတောင်မြို့ပေါ်မှ နေအိမ်ပေါင်း ၈,၀၀၀ ခန့် မေလ ၁၇ ရက်က ဆုံးရှုံးသွားခဲ့ရသည် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးအပြောအရ သိရသည်။
Tuesday, April 30, 2024
ဘင်္ဂါလီ ၅ ယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ဟု FRC ပြော
PCT News
April 29, 2024
( ရေးသားမှု အစွန်းရောက်သော်လည်း မှတ်တမ်းအဖြစ် ရေးမှတ်ထားခြင်းဖြစ်ပါသည် )
မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ရိုဟင်ဂျာ (သို့) ဆူးကြားက ဘူးခါးဘဝများ - ကိုရိုနေဆန်းလွင် နဲ့ သီးသန့် မေးမြန်းခန်း
THN Freelance Journalist
သက်ထွေးနိုင် (သတင်းထောက်)
မောင်းတောမြောက်ပိုင်း အဘူဂျာရွာက ရိုဟင်ဂျာ ၅ ဦး အာရက္ခတပ်တော် AA က ဖမ်းဆီးပြီးနောင် သေဆုံးသွားခြင်း ရိုဟင်ဂျာတွေက တိုက်ပွဲအလိုမရှိကြောင်း AA အလိုမရှိကြောင်း ဆန္ဒပြမှု စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်း ခေါ်ဆောင်မှု နောက်ကွယ်... စတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေအပေါ် ရိုဟင်ဂျာတွေရဲ့ လက်တွေ ရင် ဆိုင်နေရတဲ့ အခြေအနေက ဘယ်လို ရှိတယ်ဆိုတာ သိရအောင် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ကိုရိုနေဆန်းလွင် ကို ဆက်သွယ်မေးမြန်တင်ဆက်ထားပါတယ်။
Link : HereSunday, April 21, 2024
ဘူးသီးတောင်မြို့ပေါ် နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရကြောင်း AA ပြော
RFA Burmese
2024.04.19
Friday, April 19, 2024
မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း
Western News
April 19, 2024
ဘူးသီးတောင်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တန်ပြန်စွပ်စွဲလာ
သဉ္ဇာနွယ်/ နိရဉ္စရာ
ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးများပိုင် နေအိမ်များအား စစ်ကောင်စီတပ်ဦးဆောင်မှုဖြင့် စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင် မွတ်ဆလင်များက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော်(AA)ကို လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်ဟု တန်ပြန် စွပ်စွဲ ပြောဆိုလိုက်သည်။
Thursday, April 18, 2024
တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ
Tuesday, April 2, 2024
ရခိုင်တိုက်ပွဲအတွင်း သေဆုံးရိုဟင်ဂျာ ရှစ်ဆယ်ဝန်းကျင်နဲ့ ဒဏ်ရာရသူ ၁၃၀ နီးပါးရှိလာ
RFA
RFA Burmese
2024.04.01
Photo: RFA
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက် အပြုံ လိုက် ထိခိုက်သေဆုံးတာတွေရှိနေပြီး အခုနောက်ပိုင်း လေယာဉ်သံကြားတိုင်း ကြောက်လန့်နေကြရတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။
Saturday, March 30, 2024
Myanmar Pressphoto Agency
MPA CJ009
Mar 29, 2024
ဆောင်းပါး
ရက္ခိုင်ပြည်မြောက်ပိုင်း၌ ၁၉ ရာစု အစကပင် နေထိုင်ခဲ့သည့် ရိုဟင်ဂျာဟု ခေါ်တွင်သော လူမျိုးစု တစ်စုသည် မြန်မာနိုင်ငံအတွင်း ယခင် ဆယ်စုနှစ် သုံးခုစာမျှ ၎င်းတို့ လူမျိုးစု၏ အမည်နာမအား အုပ်ချုပ်သူ အာဏာပိုင်များက အသုံးမပြုစေရန် ပိတ်ပင်တားဆီးခြင်းကို ခံနေခဲ့ရသည်။
Saturday, March 23, 2024
ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်တပ်ဖြစ်တယ်
ဧရာဝတီ
စောမေရီ
23 March 2024
ရက္ခိုင့်တပ်တော် (AA) နဲ့တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို အသုံး ချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေတယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် က ဧရာဝတီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။