" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဖမ်းဆီးစဉ်. Show all posts
Showing posts with label ဖမ်းဆီးစဉ်. Show all posts

Tuesday, September 13, 2022

မြန်မာ - တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံထားရစဉ်သေဆုံး မှု

Human Rights Watch
September 13, 2022 

အမှုခြောက်ခုမှာ ညှဉ်းပန်းနှိပ်စက်မှုနှင့် စုံစမ်းစစ်ဆေးရန် ပျက်ကွက်မှုကို မီးမောင်းထိုးပြနေသည်

People attend the funeral of Khin Maung Latt, a National League for Democracy ward chairman in Yangon, Myanmar, who died in custody, March 7, 2021. © 2021 REUTERS/Stringer

(ဆစ်ဒနီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၂) - ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသော လူအများအပြား သေဆုံးမှုများအတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က တာဝန်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ယနေ့ ပြောကြားခဲ့သည်။

မြင်သာသော နှိပ်စက်ညှဉ်းပန်းခံထားရခြင်း သို့မဟုတ် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် တက်ကြွလှုပ်ရှားသူ ခြောက်ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးမှုကို HRW မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ စစ်အစိုးရအာဏာ ပိုင်များသည် အဆိုပါ သေဆုံးမှုများကို အလေးအနက် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တာဝန်ရှိသူများကို အရေး ယူခြင်း မရှိသေးပေ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */