" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label လိပ်ရ. Show all posts
Showing posts with label လိပ်ရ. Show all posts

Wednesday, November 2, 2022

AA သိမ်းပိုက်ထားသည့် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင်စီသွားလာခွင့် ပိတ်ထား၍ ဒေသခံ များ အခက် အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် လိပ်ရနယ်ခြားစောင့်စခန်းအနီးရှိ ကျေးရွာများကို စစ်ကောင် စီက သွားလာခွင့်ပိတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း ဒေသခံများက ဆိုသည်။

မြို့ပေါ်သို့ သွားလာခွင့် ပိတ်ထားခံရသည့် ကျေးရွာများမှာ လိပ်ရကျေးရွာ၊ ကျောက်ချောင်းကျေးရွာ၊ ကျွန်းပေါက် ပြုစုကျေးရွာ၊ ရေတွင်းပြင်ကျေးရွာတို့ဖြစ်‌ေကြာင်း၊ ယင်းကျေးရွာ လေးရွာတွင် အိမ်ခြေ ၂၀၀ခန့်နှင့် လူဦးရေ ၅၀၀ခန့် ရှိနေကြောင်း နှင့် ကျေးရွာများ၌ ရိုဟင်ဂျာများ အများစုနေထိုင်ကြကြောင်း သိရသည်။

Monday, October 10, 2022

စစ်ကောင်စီတပ်၏ လိပ်ရနယ်ခြားစောင့်ရဲစခန်းကို ၁ နာရီ အတွင်း AA က သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ၊ စစ်သားအလောင်းတချို့ရရှိသည်ဟု ဆိုသော်လည်း အရေအတွက် မဖော်ပြ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ လိပ်ရနယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ပွဲအချိန် ၁ နာရီအ တွင်း ယနေ့ သိမ်းပိုက် ရရှိပြီး စစ်သုံ့ပန်း ၃ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း၊ စစ်သားအလောင်းတချို့ရရှိသော်လည်း အရေအတွက်ကို မူ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။
 

မောင်တောတွင် စစ်တပ် နယ်ခြားစောင့်စခန်းတစ်ခုကို AA ထပ်မံသိမ်းရမိပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ သေ ဆုံး၊ ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

Khit Thit Media
ရန်ကုန်၊ အောက်တိုဘာ ၁၀
 

ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် စခန်းတစ်ခုဖြစ်သည့် လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်မှ ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မနက်အာရုဏ်ပိုင်းအချိန်၌ သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော် AA အတည်ပြုပြောဆိုသည်။

ရခိုင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ AA တပ်တော်မှ ကျဆုံးမှု တချို့ရှိကြောင်း သိရှိရသည်။ AA တပ်တော်ဘက်မှ စစ်ကောင်စီတပ်၏ သေဆုံးမှု ထိခိုက်မှုနှင့်ပတ်သက်၍ တရားဝင် အတည်ပြုချက် မရရှိသေးပေ။
 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */