Tuesday, March 12, 2024
နဝတ/နအဖအစိုးရခေတ် (September 18, 1988)
Tuesday, August 29, 2023
နဝတ/နအဖအစိုးရခေတ်
ISP Peace Desk
(September 18, 1988)
သမိုင်းအတွေ့အကြုံ
၁၉၈၈ ဇွန်လအတွင်း နိုင်ငံတဝန်း ဆန္ဒပြမှုများပေါ်ပေါက် လာခဲ့ပြီး ဇူလိုင် ၂၃ ရက်၌ ပြုလုပ်ခဲ့သည့် ဗမာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ(BBSP)၏ အရေးပေါ်ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌဦးနေဝင်းနှင့် သမ္မတ ဦးစန်းယုတို့သည် ရာ ထူးမှ အသီးသီး နုတ်ထွက်ခဲ့ကြသည်ယင်းနောက်သမ္မတ နှင့် ပါတီဥက္ကဋ္ဌနေရာ ဆက်ခံသူအဖြစ် ဦးစိန်လွင်ကို ခန့် အပ်ခဲ့သည်။
၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်း မ ရှေ့၌ လူထောင်ပေါင်းများစွာ ပါဝင်သည့် ဆန္ဒ ပြပွဲကြီး ဖြစ်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲများသည် မြန်မာနိုင်ငံတဝန်း ဖြစ် ပွားခဲ့သည်။အဆိုပါဆန္ဒပြမှုများကိုတပ် မတော်က ပစ် ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် ရာနှင့်ချီ သေဆုံးခဲ့သည်။
ယင်းနောက် သြဂုတ် ၁၃ ရက်၌ သမ္မတရာထူးမှ ဦးစိန် လွင် နုတ်ထွက်ကြောင်း မြန်မာ့အသံမှကြေညာ ခဲ့ပြီး ဒေါက်တာမောင်မောင်ကို သမ္မတသစ်အဖြစ် ခန့်အပ်ခဲ့ ကာ ရန်ကုန်မြို့တွင် ချထားသည့်တပ်များ ကိုလည်း ရုပ်သိမ်းခဲ့သည်။ သို့ရာတွင် ပြည်သူလူထု၏ ဆန္ဒ ပြမှုမှာ ရပ်တန့်မသွားခဲ့ဘဲ ဆက်တိုက် ဖြစ် ပေါ်နေခဲ့ပြီး အစိုးရအုပ်ချုပ်ရေးယန္တရားရပ်ဆိုင်းနေသည့် အတွက် အကြမ်းဖက်မှုများလည်း ပေါ် ပေါက်လာခဲ့သည်။
ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရခေတ်
ISP Peace Desk
(January 3, 1974)
သမိုင်းအတွေ့အကြုံ
တော်လှန်ရေးကောင်စီအစိုးရသည် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ရေးဆွဲသည့် ဖွဲ့စည်း ပုံအခြေခံဥပဒေသစ်ကို ၁၉၇၄ ဇန်နဝါရီ ၃ ရက်၌ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာအတည် ပြုခဲ့သည်။