Showing posts with label Boat People ရိုဟင်ဂျာဒုက္ခသည်. Show all posts
Showing posts with label Boat People ရိုဟင်ဂျာဒုက္ခသည်. Show all posts

Tuesday, December 19, 2023

ပေါက်တောက ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်း အကူ အညီမရလို့ စားဝတ်နေရေးခက်ခဲနေ

RFA
RFA Burmese
2023.12.18

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ ကလေးငယ်တစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist
 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ငှက်ချောင်း ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း မရသလို၊ စခန်းအပြင်ကိုပါ သွားလာလို့မရတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

Tuesday, December 6, 2022

ရိုဟင်ဂျာဒုက္ခသည် ၁၆၀ ပါစက်လှေ ထိုင်းပင်လယ်ပြင်ထဲ မျောပါနေ၊ ၁၀ ဦးခန့် အစာပြတ် သေဆုံး

DVB
6 December, 2022
ရိုဟင်ဂျာဒုက္ခသည် ၁၆၀ လောက် လိုက်ပါလာတဲ့ စက်လှေတစင်း စက်ချွတ်ယွင်းကာ ထိုင်းပင်လယ်ပြင်ထဲမှာ မျောပါနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ အဆက်သွယ်ရတဲ့ ရိုဟင်ဂျာ လူငယ်လူ့အ ခွင့်အရေး တက်ကြွလှုပ်ရှားသူက ဒီဗွီဘီကို ပြောပါတယ်

အဲဒီစက်လှေဟာ နိုဝင်ဘာနောက်ဆုံးအပတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကနေ ထွက်ခွာလာတာာဖြစ်ပြီး ထိုင်းပင်လယ်ပြင်ကို ဖြတ်သန်းစဉ် စက်ချွတ်ယွင်းသွားလို့ ပင်လယ်ထဲမှာ မျောနေတာ ၁၀ ရက်လောက် ရှိနေပြီလို့ စက်လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေက ဂြိုဟ်တုဖုန်းနဲ့ မိသားစု၀င်တွေဆီ ဆက်သွယ်ရာကနေတဆင့် သိရတာဖြစ်ပါတယ်။