" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်းသုံးသပ်ချက်. Show all posts
Showing posts with label သတင်းသုံးသပ်ချက်. Show all posts

Friday, November 29, 2019

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ကိုသွားရောက်ဖြေ ရှင်းမှုသည် ကောင်းမွန်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတချို့ သုံးသပ်

ONE NEWS
By အေးစုမွန်
28/11/2019
International court of Justice (ICJ) ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းတာဟာ ကောင်းမွန်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတချို့ကသုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ တ ကာ တရားရုံးမှာ အမှုဖြစ်အကြောင်းအရာကို ရှင်းပြမှာဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြပြောဆို မယ့် ဥပဒေ ပညာရှင်တွေလည်းရှိတယ်လို့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင် အောင် က ပြောပါတယ်။ "ဥပဒေနားလည်တဲ့သူတွေက ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြလိမ့်မယ်။ အမေ စုက အမှုဖြစ် အကြောင်းအရာကို ကောင်းကောင်းမွန်မွန် ရှင်းပြနိုင်တယ်။ သူကိုယ်တိုင်သွားတာက အင်မ တန် မှ သင့်တော်တယ်လို့ မြင်တယ်" လို့ ဦးတင်အောင်က ပြောပါတယ်။

ICJ မှာ တရားစွဲလို့ Rohingya ပြဿနာ ပြေလည်မလား

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
27 နိုဝင်ဘာ၊ 2019
ICJ တွင် အမှုရင်ဆိုင်ရေး ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ထိပ်တန်းခေါင်းဆောင်များ။

 
ရိုဟင်ဂျာပြဿနာ ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးကို ရာစုဝက်ကျော် စောင့်ကြည့်သုံးသပ်လာခဲ့သူ ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါဖြင့်ရင် ICJ မှာ တရားစွဲဆိုတဲ့အတွက်ကော သေကြေနစ်နာခဲ့ရသူတွေ ဒုက္ခသည် တွေအတွက် တရားမျှ တမှု (Justice) ကို ဖော်ဆောင်နိုင်မယ့် အလားအလာရှိပါသလား။ George Town တက္ကသိုလ် ဂုဏ်ထူး ဆောင်ပါမောက္ခ Daivd Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Friday, November 22, 2019

ICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူညီတဲ့ သုံးသပ် မှုများ

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း၊ ဖြူဖြူခိုင်
2019-11-21
                                 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
                                         Photo: Myanmar State Counsellor Office's Facebook

 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ခဲ့မှုတွေကိစ္စနဲ့ ပတ်သက်ပြီး OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားစွဲခဲ့တာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးအနေနဲ့ ကြားနာမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်မှာတော့ တရားစွဲခံရတဲ့ မြန်မာဘက်က လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုတရားစွဲထားတာကို ကိုယ်တိုင်ဦးစီးပြီး ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်။

Tuesday, November 12, 2019

မြန်မာကို ICJ အရေးယူနိုင်ခြေ ရှိသလား

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ဝေမာထွန်း၊ ဝေယံမိုးမြင့်
2019-11-12



                      ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးနားမှာနေနေတဲ့ မွတ်စလင် ကလေးငယ်တွေကို တွေ့ရစဉ်Photo: RFA


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ တင်သွင်းချက်ကို ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံးမှာ လာမယ့်ဒီဇင်ဘာလအတွင်း ကြားနာနိုင်ချေရှိပေမယ့် တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်နိုင်ခြေမရှိဘူးလို့ လေ့လာသူတွေက ပြောကြပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အရေးယူပေးဖို့ ကုလသမဂ္ဂ အပြည် ပြည် ဆိုင်ရာ တရားရုံး ICJ ထံ အစ္စလာမစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား အာဖရိကတိုက်အနောက်ပိုင်း နိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့ က တင်သွင်းခဲ့တာပါ။

Monday, July 29, 2019

မူဆလင် ဒုက္ခသည်တွေ ပြန်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည် ပေါ်လာနိုင်မလား

VOA
ဗွီအိုအေ (မြန်မာဌာန
ပြည်တွင်းသတင်းသုံးသပ်ချက်
29 ဇူလိုင်၊ 2019
ဦးစည်သူအောင်မြင့်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (ဇူလိုင် ၂၈၊ ၂၀၁၉)


နှစ်နိုင်ငံ သဘောတူညီချက်ရတာ နှစ်နဲ့ချီရှိခဲ့ပေမယ့် တကယ် လက်တွေ့ လုပ်ငန်းစဉ် မစတင်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် ကိစ္စ လာမယ့်စက်တင်ဘာ မှာ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး အဗ္ဗဒူမိုမင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က မြို့တော် ဒက္ကားမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း သူက သတင်း ထောက်တွေကို အဲဒီလို ပြောလိုက်တာပါ။

Wednesday, June 12, 2019

UWSA ‘ဝ’တပ်ဖွဲ့ကို အစိုးရက ပိုပြီးလိုက်လျောနေ သလား (၁)

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
12 ဇွန်၊ 2019
UWSP/UWSA ၊ KIO/KIA ၊ ULA/AA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ SSPP/SSA ၊ PSC/NDAA



နှစ်ပေါင်း ၃၀ ကြာ အပစ်ရပ်ခဲ့ပြီးတဲ့နောက် ‘ဝ’ ဒေသဟာ သိသိသာသာ တိုးတက်ဖွံ့ဖြိုးလာခဲ့ပေမယ့်၊ တချိန် တည်း အပစ်အခတ်ရပ်စဲခဲ့တဲ့ ကချင်ဒေသမှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး ဒေသခံပြည်သူတွေ ဒုက္ခပင် လယ်ဝေနေရဆဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရနဲ့တပ်မတော်တို့က UWSA ကို အထူးအခွင့်အရေးပေး လိုက် လျော ထားတာလား၊ ဘာကြောင့်လိုက်လျောရသလဲ ဆိုတာ KIO ခေါင်းဆောင်ဟောင်း၊ ယခု ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာတူးဂျာ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Wednesday, May 22, 2019

မြန်မာနိုင်ငံ ဘာသာရေးလွတ်လပ်ခွင့် နှင့် အစွန်း ရောက်ဝါဒ

VOA
ဗွီအိုအေ (မြန်မာဌာန
သတင်းသုံးသပ်ချက် 
22 မေ၊ 2019

မြန်မာနိုင်ငံမှာ ပုဂ္ဂိုလ်တချို့ရဲ့  အစွန်းရောက်မှုကြောင့် တိုင်းပြည်သိက္ခာကျဆင်းပြီး ဗုဒ္ဓသာသနာ ညှိုးနွမ်း ဖွယ်ဖြစ်နေတယ်လို့ စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) လို့ လူသိများတဲ့ ဆရာတော် ဦးဣဿရိယ က မိန့်ပါတယ်။ ဒီလုပ်ရပ်ကို ဟန့်တားဖို့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကိုလဲ ဆရာတော် က ထောက်ပြ မိန့်ဆိုပါတယ်။ အသေးစိတ်ကို ဆရာတော် ဦးဣဿရိယ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ပါ တယ်။

Friday, March 15, 2019

ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ - အေ အေနဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲသုံးသပ်ချက်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉-၀၃-၁၅


အစိုးရတပ်မတော် နဲ့ မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဘာကြောင့် ရခိုင်တွေ လက်နက်ကိုင်လာတာလဲ။ဒီအကြောင်း နိုင်ငံရေးအကဲခတ် ဦးမင်း ဇင်ကို ဘီဘီစီမြန်မာပိုင်း အကြီးတန်းသတင်းထောက် ကိုစောရန်နိုင်က မေးမြန်းထားပါတယ်။


-----------------
လင့်၊ https://www.bbc.com/burmese/media-47586264

Thursday, March 14, 2019

ရခိုင်ပြဿနာ ဘယ်လိုအဖြေရှာမလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ၊13 မတ်၊ 2019

ရခိုင်စစ်ဘေး ဒုက္ခသည်များ (Khine Murn Chun (Citizen Journalist)

အခုတလော တနေ့တခြား ဆိုးရွားလာနေတဲ့ ရခိုင်ပြည်နယ်ေအခြေအနေဟာ ပြည်ထောင်စုအတွက် စိမ်ခေါ် မှုကြီးတရပ် ဖြစ်နေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံရေးလောကမှာ တခါမှမအောင်မြင် ဘူးတဲ့ လက်နက်ကိုင် အပြုတ်တိုက်ရေးလမ်းစဉ်နဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါသလား၊ ဘယ် လို အဖြေရှာသင့်သလဲဆိုတာကို မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

Monday, November 21, 2016

( 21.11.2016 ) စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရ တဲ့ မြန်မာ့တပ်မတော်

21 နိုဝင်ဘာ၊ 2016 
မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ မောင်တောမြို့နယ် ကျီးကန်ပြင်ကျေးရွာအနီး တံတားမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုကို စစ်ဆေးနေစဉ် (နိုဝင်ဘာလ ၂၀၁၆ ခုနှစ်) ဓါတ်ပုံ- MOI
 
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရ ဟာ နိုင် ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော် မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတော် သမ္မတရုံး ရဲ့ အဲဒီ ကော်မတီ ဖွဲ့စည်းကြောင်း သ တင်းထုတ်ပြန် ချက်ထဲမှာ “ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်း များ ဆောင်ရွက်နိုင်ရန်အတွက်” ဆိုပြီး ဖော်ပြထား ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */