" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကမ္ဘောဒီးယား. Show all posts
Showing posts with label ကမ္ဘောဒီးယား. Show all posts

Tuesday, December 21, 2021

တရုတ်နဲ့ ကမ္ဘောဒီးယား ဘယ်လဲ.. ဘာလဲ…

DVB
ဒီမိုကရက်တစ်မြန်မာ့အသံ
14 December, 2021

မြန်မာ့အရေး မျှော်တွေးမိတဲ့အခါတိုင်း စိတ်မသက်မသာဖြစ်ရတဲ့ကိစ္စက တရုတ်နဲ့ အိမ်နီးချင်း ဖြစ်နေရခြင်းပါ ပဲ။ တရုတ်နိုင်ငံရဲ့ လူဦးရေက ၂၀၂၁ သြဂုတ်လ ၁၁ ရက်နေ့မှာ ၁,၄၄၅,၄၇၈,၈၃၇ ယောက်ဖြစ်ကြောင်း ကုလသမ ဂ္ဂ စာရင်းဇယားတွေအရသိရတယ်။ ၁၄ ဘီလီယံကို အတော်ကြီး ကျော်လွန်လာပြီ ဖြစ်တယ်။ တရုတ် လူဦးရေ ပေါက်ကွဲလျှံကျနေခြင်းဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်မှု ကြီးမားလာစေတယ်လို့ ဆိုနိုင်တယ်။ အထူးသဖြင့် အိမ် နီးချင်း အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေရဲ့နိုင်ငံရေး စီးပွားရေးပြဿနာတွေအပေါ် ဖိ အားတွေ သက် ရောက်စေတယ်။ အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ခေတ်အဆက်ဆက် တရုတ်နဲ့ ဆက် ဆံရေး အဆင်ပြေအောင် အထူးသတိထားခဲ့ရတယ်။

Wednesday, November 6, 2019

ထိုင်း ဝရမ်းပြေး လူကုန်ကူးတရားခံ ကမ္ဘောဒီးယား ဖမ်းဆီး လွှဲပြောင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
06 နိုဝင်ဘာ၊ 2019 
၂၀၁၅ နိုဝင်ဘာတုန်းက ထိုင်း လူကုန်ကူးတရားခံများကို ဘန်ကောက်တရားရုံးသို့ ရုံးထုတ်စဉ်

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံတောင်ပိုင်းကို ခိုးထုတ် ရာမှာပါဝင်တဲ့ အဓိက သံသယရှိသူတွေထဲက ထိုင်းအစိုးရ ဖမ်းဝရန်းထုတ်ထားသူ တဦးဖြစ်တဲ့ ကိုတုတ် (ခေါ်) Santipiyakul ကို ကမ္ဘောဒီးယားနိုင်ငံမှာ ဖမ်းဆီးရမိပြီး သူ့ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ တဦးဖြစ်တဲ့ Surapong Chaichan က တနင်္ဂနွေနေ့ သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။၂၀၁၅ ခုနှစ်တုန်းက လူကုန်ကူးဂိုဏ်းကြီးတခုကို ဖြိုခွဲဖမ်းဆီးတာမှာ လူကုန်ကူးမှုမှာ ပါဝင်တဲ့ စစ်တပ် တာ ဝန်ရှိသူတချို့အပါအဝင် လူပေါင်း ၁၄၈ ယောက်ဟာ ဒုက္ခသည်တွေကို မလေးရှား ကိုမပို့ခင် ထိုင်း-မလေး နယ်စပ်၊ ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင်၊ Hat Yai မြို့နယ် ၊ Padang Besar တောတွင်းယာယီစခန်းမှာ ထိန်းသိမ်းထား ခဲ့ပြီး ဒီလိုဖမ်းဆီးထားချိန်မှာ လူကုန်ကူးသူတွေက ညှဉ်းပမ်းနှိပ်စက်တာတွေနဲ့ လူ သတ်မှုတွေ ကျူးလွန်ခဲ့ကြတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။

Thursday, May 2, 2019

ကမ္ဘောဒီးယားက ရခိုင်ပြည်နယ်အတွက် ကန်ဒေါ်လာ ကိုးသောင်း လှူဒါန်း

မဇ္ဈိမ သတင်း
02 May 2019
By ဇေယျာမော်

ဓာတ်ပုံ - AFP
ရန်ကုန် ၊ မေ ၂ ။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ကိုးသောင်း လှူဒါန်းလိုက်သည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံ ခရီးစဉ် အတွင်း၌ လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */