" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ခေါင်းဆောင်. Show all posts
Showing posts with label ခေါင်းဆောင်. Show all posts

Monday, July 8, 2019

AA ခေါင်းဆောင်တွေကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင့်တပ်တော် AA ရဲ့စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (မေ၊ ၀၆၊ ၂၀၁၅)

မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင် AA တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ငါး ဦးကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်တရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အမှုလိုက်ရှေ့ နေတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးကနေ တရားစွဲဆိုတာဖြစ်ပြီး ဇူလိုင်လဆန်းမှာ စစ်တွေခရိုင်တရားရုံးမှာ အမှုဖွင့် ထားတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင် ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

AA ခေါင်းဆောင်လေးဦးကို တရားခံပြေးအဖြစ် သတ် မှတ်ထား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-08


တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို တွေ့ရစဉ် Photo: RFA

                                        
ရက္ခိုင့်တပ်တော် AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီး ချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုပြီး တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */