" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Foley Hoag LLP. Show all posts
Showing posts with label Foley Hoag LLP. Show all posts

Monday, June 10, 2024

ရိုဟင်ဂျာအရေး ICJ ထပ်တိုးကြားဖြတ် အမိန့်တွေ ချပေးဖို့ရာ တောင်းဆိုမလား

BBC
Jun 8, 2024


ဒီတစ်ပတ် သတင်းမြင်ကွင်း အစီအစဥ်မှာတော့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုန်း သတ် ဖြတ်မှု ဂျီနိုဆိုက် ကာကွယ်တားဆီးရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ကို ချိုးဖောက်တဲ့ အထိ ဖြစ်ခဲ့တယ် ဆိုပြီး မြန်မာကို သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့ နေအဖွဲ့ကို ဦးဆောင်နေသူ မစ္စတာ အာဆလန် ဆူလေမန်နဲ့ ဘီဘီစီ မြန်မာပိုင်းတို့ရဲ့ သီးသန့် မေးမြန်းခန်းကို တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

မစ္စတာ ဆူလေမန်ဟာ ICJ အပါအဝင် နိုင်ငံတကာရုံးတော်တွေ ရှေ့မှောက် အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကြား ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေ၊ တရားစွဲဆိုမှုတွေမှာ အထူးကျွမ်းကျင်တဲ့ ဝါရင့် ရှေ့နေ တစ်ယောက် ဖြစ်ပြီး၊ ဝါရှင်တန် ဒီစီမြို့တော် အခြေစိုက် ဖိုလီဟော့ဂ် အယ်လ်အယ်လ်ပီ Foley Hoag LLP ရှေ့နေရုံးက ထိပ်တန်း ရှေ့နေတစ်ယောက် ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */