By စိုးသူအောင်
21 February 2020
ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများကိုတွေ့ရစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။ ။ အစုအပြုံလိုက် သတ်ဖြတ်ခံရသည်ဟု လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင် (ICOE ) အစီရင်ခံစာတွင် ဖော်ပြခဲ့သည့် မောင်နုရွာနှင့် ချွတ်ပြင်ရွာ ဖြစ်စဉ်တို့အား စုံစမ်းစစ်ဆေး ရေးခုံရုံးဖြင့် စစ်ဆေးကာ စစ်တရားရုံးနှင့် စီရင်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။