" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့်. Show all posts
Showing posts with label ဘင်္ဂလားဒေ့်. Show all posts

Thursday, December 28, 2023

ငတ်မွတ်မှုနဲ့ ဒုစရိုက်မှုတွေကြောင့် ဒုက္ခသည်စခန်းကနေ လွတ်မြောက်ဖို့ ရိုဟင်ဂျာတွေ ကြိုးစားနေ

RFA
ဂျူလိုင်မျိုး (ဝါရှင်တန်ဒီစီ)
2023.12.28 

ဘင်္ဂလားဒေ့ရ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ ကလေးငယ်များ သောက်သုံးရေ သယ်ဆောင်လာသည်ကို ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်လုပြီး ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အ သက်ရှင်သန်ဖို့ မျှော်လင့်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခဲ့ကြပေမဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျလာတာ ကြောင့် စားဝတ်နေရေး ခက်ခဲလာသလို ဒုစရိုက်မှုတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကိုလည်း ရင်ဆိုင်နေရပြန်ပါ တယ်။

Tuesday, August 30, 2022

အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေဟု NUG ကတိပြု

မဇ္စျိမ
ဩဂုတ်လ ၃၀ ရက်

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာပြည်သူ ဦးရေ ၁,၀၀၀,၀၀၀ (တစ်သန်းကျော်) အိမ်ပြန် နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NGU) ၏ တာဝန်ရှိပုဂ္ဂိုလ်များက ကတိကဝတ် ပြုပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများ ကြားတွေ့ဆုံပွဲကို ယ မန်နေ့ ဩဂုတ်လ ၂၉ ရက် ည ၇ နာရီက Online Video စနစ်ဖြင့် ကျင်းပခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */