" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အိုင္စီစီ. Show all posts
Showing posts with label အိုင္စီစီ. Show all posts

Tuesday, December 4, 2018

ရခိုင် ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့ သူတွေကို အိုင်စီစီအမြန်ဆုံးတင်ဖို့ တိုက်တွန်း၊

B B C  
ဘီဘီစီ မြန်မာပိုင်း
4 ဒီဇင်ဘာ 2018



ရခိုင် ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် လက်သည်တရားခံတွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင် ICCတင်ဖို့ အမြန်လိုအပ်တယ်လို့ အမေရိကန် ဝါရှင်တန်အခြေစိုက် လူထု ဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ မူဝါဒရေးရာ အဖွဲ့ကတိုက်တွန်း လိုက်ပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ အချက်အလက်တွေစုဆောင်းရယူဖို့ ဒီအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန်ထရိုက်ပေးစေခိုင်းခဲ့အပ်ခဲ့တာဖြစ်ပါတယ်။

ပြင်းထန်တဲ့ ရာဇဝတ်မှုတွေရှိခဲ့တယ်ဆိုတာကိုအထောက်အထားခိုင်ခိုင်လုံလုံ စုံစမ်းရှာဖွေတွေ့ရှိခဲ့သလို ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေကို အိုင်စီစီမှာစစ်ဆေးဖို့ အထောက်အထားခိုင်လုံတာကြောင့် နိုင်ငံတ ကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်ဖို့ ဒီအဖွဲ့ရဲ့ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူက သတင်းစာ ရှင်းလင်းပွဲမှာ အကြံပြုပြောဆိုသွားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ မြန်မာနိုင်ငံကို ပြန်ပို့မယ့် ရိုဟင်ဂျာ ပထမအသုတ်ထဲက တယောက်မှ ပြန်မလာကြ

လင့်၊ https://www.bbc.com/burmese/burma-46435945
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */