ဗွီအိုအေ (မြန်မာဌာန)
၂၃ ဖေဖော်ဝါရီ၊ ၂၀၂၄
ဂျပန်အစိုးရက ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတ ဆင့် အမေရိကန်ဒေါ်လာ ၅.၄ သန်း ကူညီ ထောက်ပံ့ပေးတဲ့အကြောင်း WFP ပြောပါတယ်။ ရိုဟင်ဂျာတွေအ တွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ချက်မှာ သုံးစွဲဖို့ ဂျပန်နိုင်ငံအနေနဲ့ မနှစ် ဇွန်လကပေးခဲ့တဲ့ ဒေါ်လာ ၄.၄ သန်းအပြင် ဒီနှစ်မှာ ထပ်တိုးပြီး WFP ကတဆင့် ၅.၄ သန်း ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Kiminori Iwama က ပြောပါတယ်။
.png)
.png)

.png)








