" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလလူ့အခွင့်အရေးကောင်စီ. Show all posts
Showing posts with label ကုလလူ့အခွင့်အရေးကောင်စီ. Show all posts

Sunday, October 15, 2023

နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်ပစ်မှတ်ထားသည့် လူ့အခွင့် အရေးယန္တရားများ၏ လက်ခံနိုင်ဖွယ်မရှိသောအပြုအမူများ ကို မြန်မာနိုင်ငံကထောက်ပြ

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်



ဂျီနီဗာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အထောက် အ ထား ခိုင်လုံမှုမရှိဘဲ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်သည့် ဆွေးနွေးပွဲနှစ်ခုပါဝင်ခဲ့သည်။ယင်းတို့မှာမြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Investigative Mechanism for Myanmar – IIMM) ၏ အစီရင်ခံစာနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာ မင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုများဖြစ်ပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နှင့် ၂၆ ရက်တို့တွင် အသီးသီးပြုလုပ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်ပြုလုပ်သော ယင်းဆွေးနွေးပွဲများ၏ လုပ်နည်းလုပ်ဟန်များသည် တစ်ဖက်သတ်ဖြစ်နေပြီး သက်ဆိုင်သည့်နိုင်ငံထံမှ ပူးပေါင်းဆောင်ရွက်မှုမရရှိဘဲ မြန်မာနိုင်ငံ၏မျက်ကွယ်တွင် ကျင်းပခဲ့မှုကြောင့်ပို၍ပင်တစ်ဘက်စောင်း နင်းဖြစ်ခဲ့သည်။

Saturday, July 15, 2023

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ် အတည်ပြု

RFA
RFA Burmese
2023.07.14

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်စပ်အထိ ထွက်ပြေးနေရသည့် လေးကေ့ကော်ဒေသ ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တွေ့ရစဉ်။ Citizen Journalist


မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့အပါအဝင် ဆုံး ဖြတ်ချက် ငါးချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အ ရေး ကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု တွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်

BBC
15 July 2023

စစ်ကောင်စီ နိုင်ငံခြားရေး ကန့်ကွက်


ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့အစည်းအဝေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ပြည်တွင်းက လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုတွေကနေ နည်းလမ်းမျိုးစုံနဲ့ အကာအကွယ်ပေးဖို့ဆိုတဲ့ အချက် အပါအဝင် ဆုံးဖြတ်ချက် ၅ ရပ်ကို မနေ့ကချမှတ်ခဲ့ပါတယ်။

Sunday, November 1, 2020

ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာတုံ့ပြန်

VOA 
ဗွီအိုအေ (မြန်မာဌာန)
01 နိုဝင်ဘာ၊ 2020
မသိင်္ဂီထိုက်

ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမြင်ကွင်းတခု။ (စက်တင်ဘာ ၁၈၊ ၂၀၂၀)

၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိ ယကော်မတီမှာ မြန်မာ့အရေး ဆွေးနွေးမှုကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

Thursday, June 25, 2020

အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး လက်မ ခံ ဟု မြန်မာပြော

ဧရာဝတီ

By ဇူးဇူး
24 June 2020  

နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ လေးစားမှုရှိသင့်ကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လူ့အခွင့်အရေးကောင်စီတွင် ပြောဆို လိုက်သည်။

Tuesday, June 23, 2020

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်မျိုး လက်မခံ (ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 ဇွန်၊ 2020   
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း (Credit - Ministry of Foreign Affairs Myanmar)
 
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ် လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၃ ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးအတွင်း ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကို လက်မခံကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အခုလို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */