Showing posts with label ရိုဟင်ဂျာ.. Show all posts
Showing posts with label ရိုဟင်ဂျာ.. Show all posts

Thursday, February 20, 2025

ရိုဟင်ဂျာအမှု ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ပါဝင်လာတာဟာ ၂၀၀၈ ခြေဥကို နားမလည်တာကြောင့်လို့ NUG ပြော

ဖက်ဒရယ် FM
ဖေဖော်ဝါရီလ ၁၉ ရက်
 

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာဟာ ၂၀၀၈ ခြေဥကို နားမလည်တာကြောင့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖက်ဒရယ် FM ကိုပြောပါတယ်။

Saturday, June 1, 2024

ရခိုင်အကြမ်းဖက်မှု ကန်အထူးစိုးရိမ် (အမေရိကန်အစိုးရအာဘော်)

VOA
May 31, 2024 

ရခိုင်မှာ မြို့ရွာတွေမီးအရှို့ခံရတာနဲ့ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံတွေ နေရာရွှေ့ပြောင်းခံနေရ တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ဒေသခံ အသိုင်းဝိုင်းတွေကြား အကြမ်းဖက်မှုတွေ တိုးလာနေတဲ့သတင်းတွေကြောင့်အထူးစိုးရိမ်စိတ်ပူကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရ Matthew Miller က ကြေညာချက်ထုတ်ပြန်ပါတယ်။

Link : Here

Friday, July 21, 2023

ရခိုင်တွင် မုန်တိုင်းကာလ ၂ လကျော်ပြီ ဖြစ်သော်လည်း အမိုးအကာအောက် မရောက်သေးသူများ ရှိနေ

MPA
Myanmar Pressphoto Agency
MPA CJ012
Jul 16, 2023

ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂ လကျော် ကာလရှိပြီ ဖြစ်သော်လည်း ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတစ်ချို့နှင့် ရိုဟင်ဂျာဒုက္ခသည်များမှာ ယခုချိန်ထိ အမိုးအကာအောက်သို့ မရောက် ကြသေးကြောင်း ဒေသခံများနှင့် ဒေသတွင်း ပရဟိတလုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

Saturday, October 15, 2022

မြန်မာ့အရေးက ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာတော့မှာလား

dna
Delta News 
October 15, 2022


၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ စစ်ပွဲဇုန်တွေ ဖြစ်လာပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ပဋိပက္ခ အကျပ်အတည်းတွေအဖြစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပါတယ်။ အရပ်သား ပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုတွေ၊ အထူးသဖြင့် စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်း မြို့နယ်မှာ ကျောင်းတစ်ကျောင်းကို ပစ်ခတ်လို့ ကလေးတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေဟာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။ တိုက်ခိုက်မှုကနေ အ သက်ရှင် လွတ်မြောက်လာသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးပြီး စာသင်ကျောင်းဟာ တော်လှန်ရေး အင်အား စုတွေရဲ့ ခြေကုပ်စခန်းတစ်ခု ဖြစ်ပါတယ် ဆိုတာမျိုး ဖိအားပေး ထွက်ဆိုစေတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်အရွယ်ပေါင်းစုံ၊ အမျိုးသား၊ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေကအစ အ လွှာပေါင်းစုံက ပြည်သူ ၂၀၀၀ လောက်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်ပါတယ်လို့ စွပ်စွဲ သတ်ဖြတ်တာ ခံခဲ့ရပြီးပါပြီ။ လူနေအိမ်တွေ၊ ဘာသာရေးနဲ့ ပညာရေး အဆောက် အ အုံတွေ အပါအဝင် ပြည်သူလူထု ပိုင်ဆိုင်မှုပေါင်း ၂၀၀၀၀ ကျော်လည်း ဖြိုချဖျက်ဆီး ခံခဲ့ရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */