ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2020
အိမ့်သန္တာထွန်း
ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေ ဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာ တမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တား ဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆိုတာ ပါပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ လုံခြုံရေးကင်းလှည့်နေတဲ့ မြန်မာတပ်ဖွဲ့ဝင်များ (စက်တင်ဘာလ ၂၇၊ ၂၀၁၇) VOA
19 ဇူလိုင်၊ 2019
ကိုဇော်ဝင်းလှိုင်
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ စုံစမ်းစစ် ဆေးမှုတွေ တတ်နိုင်သလောက် ပြုလုပ်နိုင်ဖို့ အခုလို တောင်းဆိုတာလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာ တွေ အပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းခွင့်ပြုရေး ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ လက် ထောက် တရားလိုရှေ့နေ James Stewart က ပြောပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင် ကတင် ပြထားပါတယ်။
Link : Here