VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဒီဇင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဒီဇင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)
RFA
RFA Burmese
2023.12.02
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော် ပြ ပါတယ်။
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၂ ဒီဇင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Aceh ပြည်နယ်ထဲကို အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၁၃၉ ယောက် ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ထပ်ရောက်လာတယ်လို့အင်ဒိုနီးရှား အာဏာပိုင်တွေပြောကြားခဲ့ပါတယ်။
BBC
December 2' 2023
ရိုဟင်ဂျာ လေးရာလောက်ကို အပြည့်အသိပ် တင်ဆောင်လာတဲ့ လှေနှစ်စီး ကပ္ပလီပင်လယ်ထဲ မျောပါ နေတယ်လို့ ယူဆကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
စက်ချို့ယွင်းမှု ပြဿနာရှိတဲ့ ဒီလှေတွေကို ရှာဖွေ ကယ်ဆယ်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို ပန် ကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက အများစုလာကြတဲ့ ရိုဟင်ဂျာ တထောင်လောက် အင်ဒိုနီးရှားကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆိုက်ရောက်ခဲ့ကြပါတယ်။
Link : Here
VOA
ဗွီအိုအေ (မြန်မာဌာန)
၂၈ နိုဝင်ဘာ၊ ၂၀၂၃
ကလေးရှိတဲ့ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းကထွက်လာကြတာ ပိုလို့များလာတယ်လို့ အကူအညီ ပေးရေး အဖွဲ့တွေ က ပြောကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီလို လှေတွေနဲ့ ထွက်လာ ကြ တာ အများစု က အမျိုးသားလူငယ်တွေ ဖြစ်ကြပါတယ်လို့ ရခိုင်စီမံချက်အဖွဲ့က ဒါရိုက်တာ ခရစ္စ လဲဝါ (Chris Lewa) က ပြောပါတယ်။ ဒီလှေတွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းခြေတွေကနေ လာကြတာပါ။
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၅ နိုဝင်ဘာ၊ ၂၀၂၃
RFA
စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.11.21
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း အာချေးပြည်နယ်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သုံးလယာ ယီခိုလှုံခွင့်ပေးမယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေးဌာနရုံးက ပြောကြားလိုက်ပါတယ်။
ခနော်နီခနော်နဲ့ သစ်သားလှေနဲ့ ပင်လယ်ပြင်ခရီးကြမ်းနှင်ပြီး အင်ဒိုနီးရှားကမ်းခြေနား ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒေသခံတွေက ပင်လယ်ဘက်ပြန်ဖို့ သုံးကြိမ်သုံးခါ ခြိမ်းခြောက်ပြီးနောက် အခုလိုလက်ခံလိုက်တာပါ။
ရိုဟင်ဂျာ ဒုက္ခသည် နောက်ထပ် ၅၀၀ ကျော်ဟာ အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်ရဲ့ ကမ်းခြေတွေ ရှိ ရာဆီ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာကြပါတယ်။
ဒါဟာ သီတင်းတစ်ပတ် အတွင်း ၄ ကြိမ်မြောက် အခုလို အစုလိုက် အပြုံလိုက် ရောက်လာကြတာပါ။ ဘီရာဝန်၊ ပီဒီနဲ့ အရှေ့အာချေး နေရာတွေ အပါအဝင် ပြည်နယ် နေရာအနှံ့ ရောက်လာနေကြတာ ဖြစ်ပါတယ်။
VOA
ဗွီအိုအေ (မြန်မာဌာန)
၂၀ နိုဝင်ဘာ၊ ၂၀၂၃
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ နိုဝင်ဘာ၊ ၂၀၂၃
ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်နဲ့ ပြည့်နေတဲ့ စက်လှေသုံးစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ဆုံး ပြည်နယ်မှာ တနင်္ဂနွေနေ့ ဒီကနေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါ တယ်။
VOA
ဗွီအိုအေ (မြန်မာဌာန)
၁၈ နိုဝင်ဘာ၊ ၂၀၂၃
လှေစီးပြေး ရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှား ကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်
အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီး ဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျော နေရတယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ သောကြာ နေ့ကရေး ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းရိုးတန်းကို အခုသီတင်းပတ်အတွင်းမှာတင် စုစုပေါင်း ရိုဟင်ဂျာ ၆ဝဝ ခန့် ရောက်ရှိလာတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ အာချေးပြည်နယ် Bireun ဒေသကို ရောက်ရှိလာပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်း အကြီးအကဲ Miftah Cut Ade က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတဲ့ သုံးစီးမြောက်လှေ ဖြစ်ပါ တယ်။ အာချေးပြည်နယ် Pidie ဒေသကို နိုဝင်ဘာလ ၁၅ ရက်နေ့က ရိုဟင်ဂျာ အယောက်၂၀၀ လောက်ရောက်ရှိခဲ့ပြီး အဲဒီမတိုင်ခင်တစ်ရက်ကလည်း ၁၉၆ ယောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ရိုဟင်ဂျာလှေစီးဒုက္ခသည် ၂၀၀ နီးပါးဟာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ထဲကို နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့တယ်လို့ ဒေသခံ ငါးဖမ်းလုပ်ငန်း အကြီးအကဲက ပြောတဲ့ အကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။
အင်ဒိုနီးရှား နိုင်ငံ အနောက်ဘက်ဆုံး အာချေးပြည်နယ် Pidie ဒေသ ကျွန်း တကျွန်းပေါ် ရိုဟင်ဂျာ အယောက် ၂၀၀ လောက် လှေနဲ့ ရောက်လာတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူ တဦး က ပြောပါတယ်။ အမျိုးသမီး နဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ မူဆလင် ၁၉၆ ယောက်ဟာ အင်္ဂါနေ့ မနက်ပိုင်းက လူသူကင်းဝေးတဲ့ နေရာကို ဆိုက်ရောက်လာတာလို့ ရေတပ် တပ်မှူး Andi Susanto က သတင်း ထုတ်ပြန်ပါတယ်။
VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ အောက်တိုဘာ၊ ၂၀၂၃
VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ စက်တင်ဘာ၊ ၂၀၂၃
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
July 19, 2023
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် အာ ဆီယံ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (ACCHA) မှာ ပါဝင်ခြင်းအားဖြင့် လက်ရှိအာ ဆီယံအဖွဲ့ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ပိုမိုတက်ကြွသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က တိုက်တွန်းလိုက်ပါတယ်။
VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇွန်၊ ၂၀၂၃
အင်ဒိုနီးရှားကိုဦးတည်ပြီး ဘင်္ဂလားဒေ့ရှ်ကနေ ဒီဇင်ဘာ ၁ ရက်နေ့က
ထွက်ခွါလာတဲ့ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ပါလှေတစ်စင်းပျောက်ဆုံးနေပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ အကြမ်းဖက်တာတွေ များလာတာကြောင့်
ထွက်ပြေးလာကြတဲ့ရင်ခွင်ပိုက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့
ကြောက်ရွံနေတဲ့ ကလေးတွေ လှေပေါ် မှာ ပါကြတယ်လို့ အဲဒီလှေပေါ်ပါသူတွေကို
မေးမြန်းခဲ့တဲ့အင်တာဗျူးတွေ၊ ဗွီဒီယိုတွေနဲ့ အသံသွင်းခဲ့တဲ့
ပြောဆို ချက်တွေကိုအခြေခံပြီး အေပီသတင်းကပြောတာပါ။ လှေပေါ်ပါသူတချို့ ဟာ
နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့တဲ့ ကိုယ့် အိမ်ထောင်ဖက် နဲ့
ပြန်ဆုံနိုင်ဖို့ လိုက်ပါလာကြသူတွေ ဖြစ်ကြပါတယ်။