RFA
Radio Free Asia
2022.10.14
စစ်တွေမြို့ အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်။ Photo: RFA
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၉၂ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၂၃ ဦးကို စစ်ကောင်စီတရားရုံးတွေက ထောင်နှစ်နှစ်ကနေ ငါး နှစ်အထိ ချမှတ်ထားပါတယ်။
RFA ရဲ့ စာရင်းတွေအရ အဲဒီ ၉၉၂ ဦးဟာ တချို့က မလေးရှားနိုင်ငံ၊ တချို့က ပြည်တွင်း နေရာတချို့မှာ ပြောင်း ရွှေ့နေထိုင်ဖို့ ကြိုးစားစဉ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ပြည်တွင်း နေရာတချို့မှာ ဖမ်းဆီးခံလိုက်ရတာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တုန်းကတော့ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန် ပို့ တာမျိုး လုပ်ဆောင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ မြို့နယ်တရားရုံးတွေကနေ လဝကဥပဒေနဲ့ ထောင်ချတာမျိုးလုပ်လာတာလို့ စစ်တွေမြို့က ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးတင်လှိုင်က ပြော ပါတယ်။