" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အစ္စရေး. Show all posts
Showing posts with label အစ္စရေး. Show all posts

Tuesday, January 23, 2024

အစ္စရေးအထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ရှိကြောင်း အီရန်ပစ်ခတ်မှုက ပြသနေ

DMG
ဇန်နဝါရီ ၂၀ ၂၀၂၄

ပြီးခဲ့သောရက်ပိုင်းက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများသည် နိုင်ငံ၏ တာဝေးပစ်လက်နက်အင်အားကို ပထမ ဆုံး ပြသလိုက်ခြင်း ဖြစ်ပြီး အစ္စရေးအထိ ရောက်အောင် ပစ်ခတ်နိုင်ခြေရှိသည့် စွမ်းရည်ကိုပါ ပြသနေခြင်းဟု ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Friday, December 15, 2023

အစ္စရေးအနေနဲ့ ဂါဇာကို ရေရှည်သိမ်းပိုက်ထားဖို့ မဖြစ်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၅ ဒီဇင်ဘာ၊ ၂၀၂၃ 

အစ္စရေးနိုင်ငံ မြို့တော် Tel Aviv မှာ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြောနေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan (ဒီဇင်ဘာ ၁၅၊ ၂၀၂၃)

ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထောက်လှမ်းရေးသတင်း အချက်အလက် အပြည့်အစုံနဲ့ဟာမတ်စ်ခေါင်းဆောင် တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ပွဲအသွင်သစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ကို ရေရှည် သိမ်းပိုက်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း Jake Sullivan က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Tuesday, November 28, 2023

အစ္စရေးနှင့်ဟားမတ်စ် လေးရက်ကြာအပစ်အခတ်ရပ်စဲရေး သက်တမ်း နှစ်ရက် ထပ်တိုး

Myanmar Digital News
Nov 28,2023 

အစ္စရေးနှင့်ဟားမတ်စ်တို့၏လေးရက်ကြာအပစ်အခတ်ရပ်စဲရေးသည် ယနေ့တွင် အဆုံးသတ်မည်ဖြစ် သော်လည်း အပစ်အခတ်ရပ်စဲရေး သက်တမ်းနှစ်ရပ်ထပ်မံတိုးမြှင့်လိုက်သည်ဟုကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

Friday, November 24, 2023

အစ္စရေးနှင့် ဟားမတ်စ်အကြား ၄ ရက် အပစ်အခတ်ရပ်စဲမှု ယနေ့ စတင်မည်

မဇျ္စိမ
ရိုက်တာ
24 November 2023

                                                    Photo-AFP

အစ္စရေးနှင့် ဟားမတ်စ် အကြား လေးရက် အပစ်အခတ်ရပ်စဲမှုကို သောကြာနေ့ (နိုဝင်ဘာ ၂၄) မနက် တွင် စတင်ပြီး ယင်းနေ့တွင် ဓားစာခံ အစ္စရေးအမျိုးသမီးများနှင့် ကလေးများ ပါဝင်သည့် လူ ၁၃ ဦး ပါ ပထမအုပ်စုတစုကို ဟားမတ်စ်တို့က ပြန်လွှတ်ပေးမည် ဖြစ်သည်။ ယင်းသည်ပိတ်ဆို့ဝိုင်းရံခံဂါဇာကမ်း မြှောင်ဒေသကို အကြီးအကျယ် ထိခိုက်ပျက်စီးထားစေခဲ့သည့် စစ်ပွဲတွင် ပထမဆုံးအကြိမ် ခေတ္တအ ပစ် ရပ်နားခြင်းလည်း ဖြစ်သည်။

အစ္စရေးနှင့်ဟားမတ်စ်တို့အကြား လေးရက်ကြာအပစ်အ ခတ် ရပ်စဲရေး စတင်မည့်ရက်ကြေညာ

Myanmar Digital News
Nov 24,2023

ဂါဇာကမ်းမြောင်ဒေသတွင် လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကို ဒေသစံတော်ချိန် ယနေ့မနက် ၇ နာရီက စတင်မည်ဖြစ်ပြီး ယနေ့မှာပင် ဟားမတ်စ်တို့က ဂါဇာတွင်ဓားစာခံအဖြစ်ဖမ်း ဆီးထားသူအချို့ ကို လွှတ်ပေးမည်ဖြစ်ကြောင်း ကာတာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

Thursday, November 23, 2023

ဂါဇာမှာ ယာယီ အပစ်ရပ်မယ်လို့ အစ္စရေး ကြေညာ

BBC
၂၂ နိုဝင်ဘာ ၂၀၂၃

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့က နေရာ နှစ်နေရာမှာ "ယာယီ အပစ်ရပ်မယ်"လို့အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အဲဒီ အပစ်ရပ်စဲမှုကို ဒေသစံတော်ချိန် ၁၀ နာရီက နေ ၂ နာရီကြားမှာ ရပ်ထားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

Wednesday, November 22, 2023

ဓားစာခံများ လွတ်မြောက်ရေး အစ္စရေးအစိုးရ ဆွေးနွေး

DVB
November 22, 2023

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဘန်နီဂန့်ထ်ဇ်တို့ဟာ နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံပြီး ဟားမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

Wednesday, November 15, 2023

ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရန် အသင့်ဖြစ် ဟု အစ္စရေးပြော

DVB
November 15, 2023

အစ္စရေးက ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့အပေါ် စစ်ဆင်ရေးချဲ့ထွင်ဖို့ အသင့်ဖြစ်နေပြီလို့ အစ္စရေး အစိုးရဝန်ကြီးနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်က လက်ဘနွန်ကို နိုဝင်ဘာ ၁၄ ရက်မှာ သတိ ပေးခဲ့ပါတယ်။

အစ္စရေးနှင့် ဟားမက်စ်တို့ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲမှု ကနဦးသဘောတူညီ ချက်ရရှိ

ဆင်ဟွာသတင်း
ဂါဇာ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဂါဇာမြို့ရှိ လူနေတာဝါတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း မီးလုံးများ ထွက်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 
 
အစ္စရေးနှင့် ဟားမက်စ်တို့သည် နိုင်ငံတကာနှင့် အာရပ်နိုင်ငံ၏ ပံ့ပိုးမှုအရ ယာယီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်ရန် ကနဦး သဘောတူညီချက် ရရှိခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

Sunday, November 12, 2023

ဂါဇာလုံခြုံရေး အချိန်အကန့်အသတ်မရှိ ထိန်းချုပ်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

DVB
November 12, 2023

ဂါဇာကမ်းမြောင်ဒေသရဲ့ လုံခြုံရေးကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားဖို့ ရည်ရွယ်ထား ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၁၁ ရက်မှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ လိုအပ်တဲ့အချိန်တိုင်း ကမ်းမြောင်ဒေသကို ပြန်ဝင်ရောက်လိုကြောင်းလည်း ပြောဆိုပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ကနေ ၂၀၀၅ ခုနှစ်မှာ ဆုတ်ခွာခဲ့တာ ဖြစ်ပေမဲ့ နယ်မြေ လုံခြုံရေးကို ဘယ်လိုထိန်းသိမ်းမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Thursday, November 9, 2023

အစ္စရေး ဂါဇာစစ်ဆင်ရေး နေ့စဉ်လေးနာရီကြာ ရပ်ဆိုင်း ပေးမည်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၀ နိုဝင်ဘာ၊ ၂၀၂၃ 

ဂါဇာကနေ ထွက်ပြေးနေကြတဲ့ ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များ။ (နိုဝင်ဘာ ၉၊ ၂၀၂၃)

အစ္စရေးဘက်က ဂါဇာမြောက်ပိုင်းဒေသ စစ်ဆင်ရေးတွေကို အခုကြာသပတေးနေ့ကစပြီး နေ့စဉ် လေးနာရီကြာ ရပ်ဆိုင်းထားပေးမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာမြို့မှာ ဟားမတ်စစ်သွေးကြွတွေကို စစ်ဆင်တိုက်ခိုက်နေတာကြောင့် ပါလက်စတိုင်းအရပ်သားအများအပြား အဲဒီဒေသကနေ စွန့်ခွာနေကြရတာပါ။ ဒီအချိန်မှာပဲ အစ္စရေး ဘက်က တနေ့လေးနာရီ အပစ်ရပ်ထားမယ်လို့ အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်တာပါ။ ဒီလို ခဏတာ အပစ်ရပ်ပေးလိုက်တာ ကြောင့် လူသားစာနာမှုလမ်းကြောင်းတွေကို သုံးပြီး ပါလက်စတိုင်းတွေရှောင်တိမ်းထွက်ခွာဖို့အချိန် ရမှာဖြစ်တယ်လို့လည်း John Kirby က ပြောပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေး ၁ ဦး သေဆုံးနေ

DVB
November 8, 2023


အစ္စရေး တိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေးတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိနေ တယ်လို့ ဟားမတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရပ်ဖ် အယ်လ်ကူဒရာက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။

အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာဒုက္ခသည်စခန်း အပျက် အစီးများ ဒရုန်းရိုက်ချက် (ရုပ်သံ)

DVB
November 8, 2023

အစ္စရေးက ပါလက်စတိုင်းတွေရဲ့ ဂါဇာကို နိုဝင်ဘာ ၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံးလူ ၁၅ ယောက်သေဆုံးပြီး ဘာရက်ဂျ်ဒုက္ခသည်စခန်းနဲ့ နေအိမ်တွေ အဆောက်အဦတွေ ကြီးကြီးမားမား ပျက်စီးသွားတာ မြင်တွေ့ရပါတယ်။ 

အီရန် ဦးဆောင်သည့် မိစ္ဆာဝင်ရိုးတန်းနိုင်ငံများကို တိုက်ခိုက် နေဟု အစ္စရေးပြော

DVB
November 8, 2023

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ့နိုင်ငံဟာ အီရန် ဦးဆောင်တဲ့ မိစ္ဆာဝင်ရိုးတန်းနိုင်ငံ တွေကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲမှာ ပါဝင်နေပြီလို့ နိုင်ငံခြားသံတမန် ၈၀ ကို နိုဝင်ဘာ ၆ ရက်မှာ ပြောခဲ့ပါတယ်။

Friday, November 3, 2023

အစ္စရေး ဓားစာခံများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရဟု ဟားမတ်စ် ခြိမ်းခြောက်

DVB
November 2, 2023

ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်မှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံတွေဟာ ပါလက်စတိုင်းတွေကြုံတွေ့ နေရတဲ့ တူညီတဲ့ သေဆုံးမှုနဲ့ ပျက်စီးခြင်း ဘေးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပါလက်စတိုင်း ဟားမတ်စ်ခေါင်း ဆောင် အစ္စမေးလ် ဟာနီယာက နိုဝင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးက ဂါဇာတွင် အစုအပြုံလိုက်သတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ဟု ဟားမတ်စ်စွပ်စွဲ

DVB
November 3, 2023

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ၂၄ နာရီအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ ကြောင်း ဟားမတ်စ် တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂ ရက်မှာ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ 

ဂျာဘာလီယာနဲ့ နူဆေရတ် ဒုက္ခသည်စခန်းတွေကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ လူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း ဟားမတ်စ်ရဲ့ နိုင်ငံတကာဆက်ဆံရေးအရာရှိ အော့ဆာမာ ဟမ်ဒန်က ဘေ ရွတ်မြို့မှာ ပြောဆိုခဲ့ပါတယ်။ 

Wednesday, November 1, 2023

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် သေဆုံးသူ ၁၀,၀၀၀ နီးပါးအထိ မြင့်တက်

DVB
October 31, 2023

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ၂၄ ရက်မြောက်ဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက် အထိ နှစ်ဖက်စလုံး က လူပေါင်း ၉,၈၀၀ ကျော် သေဆုံးခဲ့ပြီလို့ နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဂါဇာကမ်းမြောင်ကို အစ္စရေးက တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းမှာ သေဆုံးသူ ၈,၃၀၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဘိုလီးဗီးယားက အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ဖြတ် တောက်

DVB
November 1, 2023

ဘိုလီးဗီးယားအစိုးရဟာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ပျက်ပြားသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားလိုက်ပြီး အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ရာမှာ လူသားမျိုး နွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

Monday, October 30, 2023

ပြိုကျသွားခဲ့သည့် အစ္စရေး၏ သံမဏိတံတိုင်းကြီး

CNI
ဆောင်းပါး
CNI Article
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇


ဇီယွန်ဝါဒ သို့မဟုတ် အစ္စရေးထွန်းကားရေးဝါဒ၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး အချက် သည် ဂျူးလူမျိုး များအတွက် ဘေးကင်းလုံခြုံသည့် နေရာတစ်ခုကို ဖန်တီးပေးရန် ဖြစ်သည်။

ဥရောပအနှံ့ရှိ လူနည်းစုများသည် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေး လွတ်လပ်ခွင့်တို့ကို စိတ်ချ သေချာစေရန် နည်းလမ်းပေါင်းစုံဖြင့် ပုံဖော်လုပ်ဆောင်ခဲ့သည့် ကာလအတွင်း ထိုအယူဝါဒ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနှင့် လက်ဘနွန် အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ တိုက်ပွဲ ဖြစ်

DVB
October 30, 2023

အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့တို့ကြား တိုက်ပွဲကြောင့် တာယာမြို့က ရေလုပ်သားတွေ ပင် လယ်ပြင်ထွက် ငါးဖမ်းဖို့ အန္တရာယ် များနေပါတယ်။

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေ အောက်တိုဘာ ၇ ရက်က စပြီး စစ်ဖြစ်ချိန်မှာ ဟားမတ်စ်တွေရဲ့ မဟာမိတ် ဟဇ်ဘိုလာတွေက နယ်စပ်မှာ အစ္စရေးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */